top of page
Writer's pictureShwe Thai

အိန္ဒိယ ဆေးဝါးစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး ၁၅ ဦးသေဆုံး၊ ၄၀ နီးပါး ဒဏ်ရာရ

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဆေးဝါးထုတ်လုပ်ရေးစက်ရုံမှာ သြဂုတ် ၂၁ ရက်က ပေါက်ကွဲမှုတခုအတွင်း အနည်းဆုံး လူ ၁၅ ယောက် သေဆုံးခဲ့ပြီး လူ ၄၀ နီးပါး ဒဏ်ရာရသွားကြောင်း ခရိုင်အစိုးရအရာရှိတယောက်က ပြောကြားခဲ့ပါတယ်။

“သေဆုံးသူအရေအတွက်က တိုးလာဖွယ်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်” လို့ ခရိုင်ရဲမှူး အမ် ဒီပီကာက ရိုက်တာကို ပြောပါတယ်။

အိန္ဒိယကုန်သွယ်ရေးသမဂ္ဂများဌာန (CITU) ရဲ့ ခရိုင်အထွေထွေအတွင်းရေးမှူး ဂျီ ကိုတက်ဆွာရာ ရောင်းက “အက်ဆီယန်ချာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံက နေ့လယ်ပိုင်းမှာ ဓာတ်ပေါင်းဖိုတခု ပေါက်ကွဲတာကနေ မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပြီးတော့ စစချင်းမှာ လူ ၁၄ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေကိုတော့ အနီးနားရှိ ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရကြောင်း” ပြောပါတယ်။

အန်ဒရာပရာဒက်ရှ်ပြည်နယ်ရဲ့ အနာကာပါလီခရိုင်မှာ ၂၀၁၉ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တဲ့ ဧက ၄၀ ကျယ်ဝန်းတဲ့ အက်ဆီယန်ချာ အဆင့်မြင့်သိပ္ပံ ပုဂ္ဂလိကပိုင် စက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ခရိုင်အခွန်ဦးစီးမှူး ဗီဂျယခရစ်ရှ်နန်က ပြောပါတယ်။

အက်ဆီယန်ချာဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။  အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။

မနှစ်ကလည်း အနာကာပါလီခရိုင်က ဆာဟိသီ ဖာမာ ယူနစ်ရှိ ဓာတုဓာတ်ပေါင်းဖိုမှာ အလားတူ မီးလောင်မှုတခု ဖြစ်ပွားခဲ့ရာ လူ ၂ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။


Source from DVB News

၆ views၀ comments

Comentários


bottom of page