top of page
Writer's pictureShwe Thai

အိန္ဒိယမှာ နိုင်ငံခြားမှ ပြန်လာသူ ခရီးသွားတစ်ဦးမှာ mpox ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိ

အိန္ဒိယနိုင်ငံမှာ နိုင်ငံခြားမှ ပြန်လာတဲ့ အမျိုးသားတစ်ဦးမှာ mpox ဗိုင်းရက်စ်ကူးစက်မှု သံသယရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

လူနာကို ဆေးရုံမှာ သီးခြားခွဲထားလျက်ရှိပြီး ကျန်းမာရေးအခြေအနေကတော့ လက်ရှိ တည်ငြိမ်နေတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ လူနာဟာ mpox ဗိုင်းရပ်စ်မျိုးကွဲတွေထဲက ဘယ်အမျိုးအစား ကူးစက်ခံနေ ရတယ်ဆိုတာ မဖော်ပြနိုင်သေးပေမယ့် ရောဂါအမျိုးအစားကို အတည်ပြုဖို့ စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။


Mpox ဗိုင်းရပ်စ်ဟာ အနီးကပ် ထိတွေ့မှုတွေမှတဆင့်လည်း ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ရောဂါ လက္ခဏာဟာ အပျော့စားဖြစ်ပေမယ့် လူသေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ လက်ရှိ ကူးစက်လူနာနဲ့ အနီးကပ် ထိတွေ့သူတွေကိုလည်း ခြေရာခံနေတယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။


ပြီးခဲ့တဲ့လက အာဖရိကတိုက်မှာ mpox အမျိုးအစား ဗိုင်းရပ်စ်ဗားရှင်းအသစ်ကူးစက်မှု ပြင်းပြင်းထန်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း များစွာ ရှိခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေကို စောင့်ကြည့်နေပါတယ်။


Source from MYANMAR DIGITALNEWS

၂ views၀ comments

Comments


bottom of page