top of page

အမေရိကန်အိပ်မက်ဖြည့်ဆည်းပေးမည့် DV Lottery လျှောက်လွှာ အောက်တိုဘာလ ၂ရက်ဖွင့်မည်

Writer's picture: Shwe ThaiShwe Thai

ကမ္ဘာ့နိုင်ငံအသီးသီးမှ အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်လိုသူများအတွက် Green Card (အမြဲတမ်းနေထိုင်ခွင့်ကတ်) မဲဖောက်ပေးသည့် Diversity Visa Program (DV) Lotteryကို အောက်တိုဘာ ၂ ရက်နေ့ အမေရိကန်စံတော်ချိန် မွန်းတည့် ၁၂ နာရီ မှစတင်၍ လျှောက်ထားခွင့်ပြုမည်ဖြစ်သည်။

လျှောက်ထားခွင့်ရသည့် နိုင်ငံများအနက် မြန်မာနိုင်ငံလည်းပါဝင်သည့်အတွက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချလိုသောမြန်မာများလျှောက်သင့်ကြောင်း အမေရိကန်ရောက်မြန်မာများက တိုက်တွန်းသည်။

အမေရိကန်စံတော်ချိန် မနက်ဖြန်(အောက်တိုဘာလ ၂ ရက်) မွန်းတည့် ၁၂ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။


ယခုDV Lottery သည် ၂၀၂၆ ခုနှစ်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မဲပေါက်သူများအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခွင့်ရမည်ဖြစ်သည်။ နှစ်စဉ်နိုင်ငံအသီးသီးမှ ရွေ့ပြောင်းနေထိုင်သူ ၅၀,၀၀၀ ခန့်ကို တရားဝင်နေထိုင်ခွင့်ပေးသည့် DV Lottery၏ မဲပေါက်သူ စာရင်းအား ၂၀၂၅ ခုနှစ် မေလအတွင်း၌ ထုတ်ပြန်ကြေညာမည်ဖြစ်သည်။


လျှောက်ထားလိုသူများအနေဖြင့်အမည်၊မွေးနေ့သက္ကရာဇ်၊ မွေးဖွားရာ ဇာတိမြို့၊ နေရပ်လိပ်စာ၊ အီးမေးလ်၊ ဖုန်းနံပါတ်၊ ပညာအရည်အချင်း၊ အိမ်ထောင် ရှိ/ မရှိနှင့် နှစ်လက်မပတ်လည် အဖြူနောက်ခံ ကာလာဓာတ်ပုံ (600×600 pixels, DV Lottery ဓာတ်ပုံအရွယ်အစား) တို့ လိုအပ်မည်ဖြစ်သည်။


ထို့အပြင် မိသားစုလိုက် လျှောက်ထားလိုသူများအနေဖြင့် မိသားစုဝင်များ၏ အမည်၊ ၎င်းတို့ ၏ မွေးနေ့၊ မွေးရပ်၊ ဓာတ်ပုံများလိုအပ်မည်ဖြစ်ကြောင်းသိရသည်။


လျှောက်ထားစဉ်တွင် ပတ်စပို့ရှိရန်မလိုအပ်သော်လည်း ကံစမ်းမဲပေါက်သည့်အချိန်၌ ပတ်စပို့၊ မွေးစာရင်း၊ ၁၀ တန်းအောင်လက်မှတ်၊ အိမ်ထောင်ရှိပါက လက်ထပ်စာချုပ်၊ အိမ်ထောင်ကွဲကွာထားပါက ကွာရှင်းစာချုပ်တို့ လိုအပ်မည်ဖြစ်သည်။ လျှောက်ထားရသည့်လုပ်ငန်းစဉ်မှာ လွယ်ကူချောမွေ့သည့်အတွက် ကိုယ်တိုင်လျှောက်လွှာတင်နိုင်ကြောင်း အမေရိကန် DV Lottery ကျွမ်းကျင်သူတို့က ပြောသည်။


Source from MIZZIA DAILY NEWS

၇ views၀ comments

Bình luận


bottom of page