top of page

ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချန်းဟာ ၂၀၂၄ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင် တိုက်ကွမ်ဒို ကစားသမားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။

Writer's picture: Sky Inno HubSky Inno Hub

ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချန်းဟာ ၂၀၂၄ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲဝင် တိုက်ကွမ်ဒို ကစားသမားတွေကို ဆုချီးမြှင့်ခဲ့ပါတယ်။

အမျိုးသမီး ၄၄ ဒသမ ၅၂ ကီလို တိုက်ကွမ်ဒိုပြိုင်ပွဲမှာ မွန်ဂိုလီးယားအားကစားမယ်က ရွှေတံဆိပ် ရခဲ့တာဖြစ်ပြီး ဂျက်ကီချန်းက ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


၅၂ ကီလိုတိုက်ကွမ်ဒိုပြိုင်ပွဲမှာ မွန်ဂိုလီးယားအားက စားမယ်အူလမ်ဘာယာက အီရန်နဲ့ တူရကီ ကစားသမားတွေကို ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။


ဂျက်ကီချန်းဟာ ၂၀၀၈ ပေကျင်းအိုလံပစ်ပြိုင်ပွဲတုန်းက ပြိုင်ပွဲကို စိတ်ဝင်စားမှုရှိအောင် မြင်းစီးတဲ့ ဗွီဒီယို တခု ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။


ဒါ့အပြင် ၂၀၀၈ ခုနှစ်တုန်းက မဟာတံတိုင်းကြီးပေါ်မှာ အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ခဲ့သလို အိုလံပစ်သီချင်းကိုလည်း သီဆို ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။


အသက် ၇၀ အရွယ်ရှိ ဂျက်ကီချန်းဟာ ဩဂုတ် ၂၈ ရက်က ပြိုင်ပွဲမစမီ မသန်စွမ်းအိုလံပစ် ပြိုင်ပွဲ မီးရှူးတိုင်သယ်ဆောင်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။


Source from DVB News

၆ views၀ comments

Comments


bottom of page