top of page
Writer's pictureShwe Thai

လှိုင်သာယာက အထည်ချုပ်စက်ရုံ မီးလောင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ Sewell Garment (Myanmar) အထည်ချုပ်စက်ရုံမှာ သြဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေက ပြောပါတယ်။

ဒီမီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့ ၁၀ ကျော်နဲ့ အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့ ငါးဆယ်ခန့်က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ငွေပင်လယ်စက်မှုဇုန်ရှိ Sewell Garment (Myanmar) အထည်ချုပ်စက်ရုံ မီးလောင်ခဲ့စဉ်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုများနိုင်ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့၀င်တချို့ အသေးစားဒဏ်ရာရတာလည်းရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကယ်ဆယ်ရေးအဖွဲ့ပေါင်း လေးငါးဆယ်လောက် ရှိတယ်။ မီးသတ်အဖွဲ့တွေလည်း အရမ်းများတယ်။ တစ်နာရီခွဲလောက်ကနေ နှစ်နာရီခွဲလောက်ထိ မီးငြှိမ်းသတ်ရတယ်။ ဆုံးရှုံးမှုကတော့ တော်တော်များလောက်တယ်။ အထည်ချုပ်စက်ရုံဖြစ်နေတဲ့အတွက် စက်ရုံအတွင်းမှာရှိသမျှ စက်လိုင်းတွေ အကုန်ပါသွားတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ မှန်ပြတ်ရှတာတို့နဲ့ အသေးစား ထိခိုက်မှုပဲ ဖြစ်ပါတယ်"

မီးလောင်မှုကို အဆင့် (၂) မီးသတ်ယာဉ်အုပ်စုတွေ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ ထုတ်ပြောထားတာ မရှိပါဘူး။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲဒီစက်ရုံမှာ အထည်ချုပ်အလုပ်သမား ငါးရာကျော် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး မီးလောင်မှုကြောင့် လုပ်ငန်းရပ်ထားရတာတွေလည်း ဖြစ်လာနိုင်တယ်လို့ လှိုင်သာယာမြို့ခံတွေက ပြောပါတယ်။


Source from RFA

၉ views၀ comments

Comments


bottom of page