top of page

ရန်ကုန်တစ်တိုင်းလုံး တစ်ရက်ကို မီး ၈နာရီ နှစ်ကြိမ်ခွဲဖြတ်

Writer's picture: Shwe ThaiShwe Thai

Updated: Nov 21, 2024

ရန်ကုန်တစ်တိုင်းလုံး တစ်ရက်ကို မီး ၈နာရီ နှစ်ကြိမ်ခွဲဖြတ်နေပါတယ်။ နိုဝင်ဘာ ၅ ရက်ကစပြီး ရန်ကုန်တိုင်းထဲက ခရိုင်အားလုံးမှာ တစ်ရက်ကို ၈နာရီ မီးဖြတ်မယ်လို့ လျှပ်စစ်ရုံးတွေ မှာ ကြေညာထားပေမဲ့ သတ်မှတ်ချက်ထပ် ပိုဖြတ်နေတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။

shwethai

လျှပ်စစ်မီးပျက်နေချိန်မှာ တွေ့ရတဲ့ ရန်ကုန်မြို့က သစ်သီးဆိုင်


တစ်ရက်ကို ၄ နာရီ နှစ်ကြိမ်ခွဲပြီး မီးဖြတ်သွားမှာဖြစ်တယ်လို့ လျှပ်စစ်ရုံးကြေညာချက်တွေမှာတွေ့ရပါတယ်။

“မီးကမလာသလောက်ပျက်တယ်။ မ‌နေ့ကဆို နေ့လယ် ၁နာရီကနေ ၅ နာရီအထိလာရမှာကို ၁၀မိနစ်ပေးပြီးပြန်ဖြတ်သွားတယ်။ နောက်မီးဖြတ်မယ့်အချိန်ကပ်မှ နာရီဝက်လောက်ပေးပြီးဖြတ်ပြန်ရော”လို့ သာကေတမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။


လျှပ်စစ်မီးပုံမှန်မရတဲ့အတွက် နေ့စဥ် ချက်ပြုတ်စား‌သောက်တာအပြင် အလုပ်အကိုင်လည်းထိခိုက်တယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောကြပါတယ်။


စစ်ကောင်စီက လျှပ်စစ်မီတာခကို စက်တင်ဘာ ၁ရက်ကစပြီး အိမ်သုံး၊လုပ်ငန်းသုံး ၂မျိုးစလုံးကို ၂ဆကျော် တိုးကောက်ခဲ့ပေမဲ့ လျှပ်စစ်မီးကတော့ ဖြတ်တောက်ခံနေရဆဲဖြစ်တယ်လို့ အင်းစိန်မြို့နယ်နေသူကပြောပါတယ်။


တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင်ဆောင်ရွက်ဖို့ နဲ့ ဘဏ္ဍာရေးနှစ် အလိုက် ထုတ်လုပ်မှုစရိတ်ပိုမြင့်မားလာတာကြောင့်လို့ စစ်ကောင်စီက မီတာခတိုးကောက်တာနဲ့ပတ်သတ်လို့ကြေညာချက်ထဲမှာဆိုထားတာပါ။


“မီတာက ပုံမှန် တစ်သောင်းကျတာ ဒီလ နှစ်သောင်းကျော်ကျတယ်။ ဒါပေမဲ့မီးအားကိုးရင်ထမင်းငတ်မှာပဲ။ အိမ်မှာအလုပ်ကို မီးစက်နှိုးလုပ်နေရတယ်”လို့ သူကပြောပါတယ်။


နိုဝင်ဘာလအတွင်းလျှပ်စစ်မီးရရှိမှုနည်းတာက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတချို့မှာ အကြီးစား ပြုပြင်ထိန်းသိမ်းတာလုပ်နေတာကြောင့်လို့ စစ်ကောင်စီလျှပ်စစ်ဌာနမှာလုပ်ကိုင်နေသူကဆိုပါတယ်။


Source from BBC BURMESE NEWS

၄ views၀ comments

Comments


bottom of page