top of page
Writer's pictureShwe Thai

မုဒိမ်းမှုတရားခံများကို ပြင်းပြင်းထန်ထန်အရေးယူရန် အိန္ဒိယဆရာဝန် ၁ သန်းကျော် ဆန္ဒပြ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ သင်တန်းသူ အမျိုးသမီးဆရာဝန်တဦးကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့ တရားခံတွေအပေါ် ပြစ်ဒဏ်တွေ တင်းတင်းကျပ်ကျပ် ချမှတ်ဖို့ အိန္ဒိယဆရာဝန် တသန်းကျော်က လမ်းပေါ်ထွက် ဆန္ဒပြရင်း ပြည်လုံးကျွတ် သပိတ်ကြီးကို ဆင်နွှဲနေပါတယ်။

အသက် ၃၁ နှစ်အရွယ် သင်တန်းသူ ဆရာဝန်တဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် တပတ်အကြာထိ တတိုင်းပြည်လုံးရဲ့ ရာဇဝတ်မှုအပေါ် ထွက်နေတဲ့ ဒေါသက မငြိမ်းသေးပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ကိုလ်ကတ္တားမြို့ အနောက်ပိုင်းက အစိုးရပိုင် ဆေးရုံတရုံမှာ သြဂုတ် ၉ ရက်က တွေ့ခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး အပျော်တမ်းရဲတပ်ဖွဲ့ဝင်တယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အမှုကို ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

သောကြာနေ့မှာ ရာနဲ့ချီတဲ့ ဒေါသထွက်နေတဲ့ ဆရာဝန်တွေဟာ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် တရားမျှတမှုကိုရှာဖို့ ကျန်းမာရေးနဲ့ မိသားစု လူမှုဖူလုံရေးဝန်ကြီးဌာန အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

ဆရာဝန်တွေကို တိုက်ခိုက်ခံရတာကနေ အကာအကွယ်ပေးဖို့ အစိုးရဆီက အာမခံချက် စာထုတ်ပေးဖို့ တောင်းခံထားပါတယ်။

နိုင်ငံရဲ့ အကြီးဆုံး ဆရာဝန်အဖွဲ့ဖြစ်တဲ့ အိန္ဒိယဆေးဘက်ဆိုင်ရာအသင်းက အရေးပေါ်မဟုတ်တဲ့ ဝန်ဆောင်မှုတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ၂၄ နာရီကြာ ရုပ်သိမ်းတယ်လို့ စနေနေ့က ကြေညာခဲ့ပါတယ်။

Source from DVB


၂၆ views၀ comments

Opmerkingen


bottom of page