top of page

မော်လမြိုင်တွင် ဆီဆိုင်မီးလောင်မှု မီးသတ်နှင့် ကယ်ဆယ်ရေးသမား၂၀ ဦးခန့် ဒဏ်ရာရ

Writer's picture: Shwe ThaiShwe Thai

Updated: Nov 20, 2024

မော်လမြိုင်တွင် ဆီဆိုင်မီးလောင်မှု မီးသတ်နှင့် ကယ်ဆယ်ရေးသမား၂၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။မွန်ပြည်နယ်၊ မော်လမြိုင်- မုဒုံလမ်းပေါ်၊ ရိုးဂိုးရွာထိပ်ရှိ မင်းသန့်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်စဉ်အတွင်း မီးငြှိမ်းသတ်သည့် မီးသတ်တပ်ဖွဲ့မှ ခုနစ်ဦး၊ လူမှုကယ်ဆယ်ရေးမှ ၁၃ ဦး စုစုပေါင်း ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။​

shwethai

ယနေ့ (နိုဝင်ဘာ ၇ ရက်) ညနေ ၅ နာရီဝန်းကျင်က ဆီဆိုင်အနောက်ဘက်ရှိ ဆီလှောင်ကန် ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည ၁၀ နာရီဝန်းကျင်အထိ မီးငြှိမ်းသတ်နေရသေးကြောင်း ဒေသခံများက ပြောသည်။


မီးငြိမ်းပြီးမှ ထပ်မံပေါက်ကွဲမှုဖြစ်၍ မီးသတ်တပ်ဖွဲ့မှ ခုနစ်ဦး၊ ဘိုဘိုဝင်း နာရေးကူညီမှုအသင်းမှ နှစ်ဦးအပါအဝင် ကူညီကယ်ဆယ်ရေးအသင်း လေးဖွဲ့မှ အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဖော်ပြသည်။


“မီးငြိမ်းသွားပြီးတော့မှ အထဲမှာ ထပ်ပြီးပေါက်ကွဲမှုဖြစ်တာဗျ။ အခုအားလုံး ဆေးရုံကို ပို့နေတယ်။ ကျွန်တော်လည်း ဆေးရုံကို လိုက်သွားပြီ။ ကျွန်တော့်ကလေးတွေရော မီးသတ်သမားတွေရော မီးလောင်ဒဏ်ရာရသွားတယ်ဗျ။ အခြေအနေက တော်တော်ဆိုးတယ်။​ မီးငြိမ်းသွားပြီးတော့မှ ထပ်လောင်သွားပြီးတော့မှ ထပ်ဖြစ်သွားတာဗျ” ဟု ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာ Live မှတဆင့် ပြောကြားသည်။


“ဆီဘောက်ဆာကားပါ လောင်သွားတယ်လို့ကြားတယ်။ မီးညွန့်က ကြောက်စရာကြီး၊ အခုထိ ကားသံတွေ ဝှီထနေတာပဲ။ ထိတာလည်း မနည်းဘူး” ဟု မော်လမြိုင်ဒေသခံတဦးကလည်း ပြောသည်။


ဒဏ်ရာရသူများအား မီးသတ်ကားများ၊ လူမှုကယ်ဆယ်ရေးယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေကြောင်း သိရသည်။ နောက်ဆုံးသတင်းများအရ ထိိခိုက်ဒဏ်ရာရသူ ၂၀ ဦးအပြင် ထပ်ထိသူများလည်းရှိကြောင်း သိရပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။


Source from MIZZIMA DAILY NEWS

၁ views၀ comments

Commentaires


bottom of page