top of page

မန္တလေးဆေးရုံကြီး နှလုံးအထူးကုဆောင်တွင် မီးလောင်၊ လူနာထိခိုက်မှုမရှိ

Writer's picture: Shwe ThaiShwe Thai

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၏ နှလုံးအထူးကုသဆောင်တွင် ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း သတင်းရရှိသည်။

ယနေ့ မနက် ၅ နာရီ မိနစ် ၂၀ အချိန်တွင် ဆေးရုံကြီး၏ အထက်မြန်မာပြည်နှလုံးအထူးကုစင်တာ အဆောင်တွင် မီးလောက်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မိနစ် ၂၀ ခန့်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အတွင်း ဆေးရုံတက်လူနာများ ထိခိုက်မှုမရှိခဲ့သော်လည်း စက်ပစ္စည်းများ မီးလောင်ပျက်စီးသွားကြောင်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့သည့် မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“အဲကွန်းနဲ့ နှလုံးဆွဲစက်တွေ ပျက်စီးမှုရှိတယ်လို့ သိရတယ်” ဟု အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့သည့် မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိရသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် အချိန်ခန့်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၉ လမ်းနှင့် ၆၁ လမ်းကြားတွင် တည်ရှိသည့် ဂိုဒေါင် တခုလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။


Source from MIZZA DAILY NEWS

၂ views၀ comments

Comments


bottom of page