top of page

မြန်မာရေတပ် ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းလုပ်သားများ ပြန်မလွတ်သေး

Writer's picture: Shwe ThaiShwe Thai

မြန်မာရေတပ် ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းလုပ်သားများ ပြန်မလွတ်သေး။

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်းငါးဖမ်း လှေနဲ့ လှေပေါ်ပါသူ ထိုင်း ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို ရေတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာမှာ ပြီးခဲ့တဲ့သောကြာနေ့က လွှတ်ပေးမယ်လို့ သတင်းထွက်ပေါ်ပေမဲ့ ဒီကနေ့ထိ လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

shwethai.com

အဖမ်းခံထားရတဲ့ ထိုင်း ၄ ယောက်ကို  သွားတွေ့ခွင့်ရဖို့နဲ့  ပြန်ခေါ်လာရဖို့ စာပို့ထားတယ်။ နယ်စပ်ဒေသတွင်းအဆင့်မှာ အရင် တွေ့ဆုံဆွေးနွေးတယ်၊ ဒါပေမဲ့ သူတို့ဘက်က နေပြည်တော်ဗဟိုအစိုးရထိ တင်ပြရဦးမယ်ဆိုလို့ ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံရုံးကိုရော၊ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနဆီပါ စာပို့ထားတယ်။ ထိုင်းအစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးခဲ့ပြီ။


အတတ်နိုင်ဆုံး ကြိုးစားပြီးပြီ၊ ဒါပေမဲ့ ပြန်မလွှတ်သေးတာကတော့ သူတို့နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် မူတည်တယ်။ အဲဒါက သူတို့နိုင်ငံထဲမှာ ဖြစ်နေတာလေ၊ တို့နိုင်ငံ မဟုတ်ဘူး၊ အဲဒါကြောင့် စောင့်ဆိုင်းနေဖို့ပဲ ရှိတယ်လို့  ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။


ဒီဇင်ဘာ ၆ ရက် ကတော့ ထိုင်းငါးဖမ်းလှေပေါ်က ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာရေလုပ်သား ၂၇ ယောက် စုစုပေါင်း ၃၁ ယောက်တို့ကို ပြန်လွှတ်ပေးမယ်လို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၅ ရက်  ညနေ ၅ နာရီလောက်မှာ အကြောင်းကြားခဲ့တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းထောက်တွေကို  ပြောခဲ့ပါတယ်။


အဲဒီနောက် သူတို့တွေကို ကြိုဆိုဖို့ ထိုင်းဘက်က လှေနဲ့ ကျန်းမာရေးဆေးစစ်ဖို့ ဆရာဝန်တွေပါ အဆင်သင့်ပြင်ထားပြီးကာမှ ဒီနေ့ထိ မလွှတ်သေးဘဲဖြစ်နေတာပါ။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်ပေါ်မှာတော့ “ထိုင်းမှာ တရားမဝင်မြန်မာတွေ သန်းနဲ့ချီ ရှိနေတယ်၊  ထိုင်းက အဲလောက်ပြဿနာကြီးကြီး လုပ်မနေဘူး၊ အခု လူလေး ၄ ယောက်နဲ့ နိုင်ငံတော်အဆင့်ထိ ပုံကြီးချဲ့ကားတာ တရားလွန်တယ်” လို့ဝေဖန်နေကြပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် မနက်က ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်တာကြောင့် ထိုင်းနိုင်ငံသားတယောက် ရေထဲ ခုန်ချသေဆုံးပြီး တယောက် နားနဲ့ပါးမှာ ကျည်ရှပ်ထိဒဏ်ရာရကာ မြန်မာရေလုပ်သားတယောက် လှေပေါ်မှာ ဓာတ်လိုက်ဒဏ်ရာရခဲ့ပါတယ်။


ငါးဖမ်းလှေ ၂ စီး ကျည်ထိမှန်ပြီး  တစီး အဖမ်းခံထားရတယ်။ ထိုင်း ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်လည်း အဖမ်းခံထားရတာ ဖြစ်ပါတယ်။


Source from DVB NEWS

၁ views၀ comments

Comments


bottom of page