top of page

မြန်မာနိုင်ငံသားတစ်ဉီး ဇာတိမြို့သို့ ပြန်လိုသည့် စိတ်ဖိစီးမှုကြောင့် ဇနီးသည်အား လျှပ်စစ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး

Writer's picture: Shwe ThaiShwe Thai

Updated: Nov 20, 2024

မြန်မာနိုင်ငံသားတစ်ဉီး ဇာတိမြို့သို့ ပြန်လိုသည့် စိတ်ဖိစီးမှုကြောင့် ဇနီးသည်အား လျှပ်စစ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ကာ မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးသွားပါတယ်။ မနေ့ (နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်) တွင် ဘန်ကောက်မြို့ ချောင်ကွမ်ခရိုင်၊ ချောင်ကွမ်မြို့နယ် ၆၃ လမ်းရှိ တိုက်ခန်းတစ်ခုတွင် လင်မယားနှစ်ဦး အလောင်း ၂ လောင်း သတ်ဖြတ်ခံရမှု ဖြစ်ပွားကြောင်း ရဲစခန်းမှ ရဲအရာရှိများက သတင်းပေးပို့ခဲ့ပါသည်။

shwethai

အခင်းဖြစ်ပွားရာနေရာမှာ ၅ လွှာတွင်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့်လက္ခဏာများ တွေ့ရှိခဲ့ပါသည်။ ရေချိုးခန်းရှေ့တွင် လည်ပင်းကိုကြိုးဖြင့် လှီးဖြတ်ခံထားရသည့် မြန်မာနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် မစ္စဘိုဘီ၏ အလောင်းကို တွေ့ရှိခဲ့ပြီး ရေချိုးခန်းအတွင်းတွင် မြန်မာနိုင်ငံသား အသက် ၂၀ အရွယ် မစ္စတာ သန့်စင်၏ အလောင်းကို ထပ်မံတွေ့ရှိခဲ့ပါသည်။


သေဆုံးသူ၏ခင်ပွန်းသည် လျှပ်စစ်ကြိုးကို အသုံးပြုပြီး လည်ပင်းကိုညှစ်ကာ လေဝင်ပေါက်တွင် ကြိုးဖြင့်ချည်နှောင်၍ သေဆုံးနေကြောင်းတွေ့ရှိခဲ့ရပါသည်။ ကနဦးတွင်နှစ်ဦးစလုံး သေဆုံးသည်မှာ တစ်ရက်ခန့်ရှိပြီဟု ယူဆရပါသည်။


သေဆုံးသူ နှစ်ဦးသည် အခင်းဖြစ်ပွားသည့် အခန်းကို ၂ လခန့် မငှားမီ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ထို့နောက်ဇနီးဖြစ်သူက အိမ်အကူအဖြစ် ထပ်မံအလုပ်လုပ်နေစဉ် ခင်ပွန်းဖြစ်သူမှာ၂လခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရှိရပါတယ်။


သေဆုံးသူရဲ့ မိခင်သည် သမီးဖြစ်သူကို အဆက်အသွယ်မရသဖြင့် အခန်းကိုကြည့်ရန် ပထွေးဖြစ်သူအား မေးမြန်းခဲ့ရာ ‌သော့ခတ်ထားသောကြောင့်သော့ကိုဖျက်ကာ ဝင်ရောက်ခဲ့ပြီး အခန်းထဲတွင်နှစ်ဦးစလုံး သေဆုံးနေသည်ကိုတွေ့ရှိရပါတယ်။


Pol Lat Phrao ရဲစခန်းမှ ရဲမှူးကြီး Thanapan Phungkan က ကနဦး မျက်မြင် သက်သေတွေကို မေးမြန်းခဲ့ရာမှာ ခင်ပွန်းသည်က ဇနီးဖြစ်သူကို အရင်သတ်ခဲ့တာလို့ ယူဆရပြီး ပြစ်မှုက လွတ်မြောက်ဖို့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တာလို့ ဆိုပါတယ်။


ခင်ပွန်းဖြစ်သူက အလုပ်မရှိလို့ စိတ်ဖိစီးနေတာကြောင့် သူ့နိုင်ငံကို ပြန်ချင်ပေမယ့် ဇနီးသည်က မပြန်ချင်တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကြမ်းတမ်းစွာ ငြင်းခုံခဲ့ကြတယ်လို့သိရပါတယ်။ ထို့အပြင် အခင်းဖြစ်ပွားသည့် အခန်းတွင် စီစီတီဗီ မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးရာအပြင်လူ ဝင်ရောက်ခြင်းမရှိကြောင်း သိရပါတယ်။


Source from INNNEWS




၅ views၀ comments

Comments


bottom of page