top of page

မန်စီးတီးက ထွက်ခွာပြီးနောက် တခြားအသင်းကို တာဝန်ယူတော့မည်မဟုတ်ဟု ဂွါဒီယိုလာ ပြော

Writer's picture: Shwe ThaiShwe Thai

မန်စီးတီးက ထွက်ခွာပြီးနောက် တခြားအသင်းကို တာဝန်ယူတော့မည်မဟုတ်ဟု ဂွါဒီယိုလာ ပြောသွားပါတယ်။

shwethai.com

စပိန်နည်းပြဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပြီး နိုင်ငံအသင်းနည်းပြ တာဝန်ကလွဲရင် တခြားနိုင်ငံ၊ တခြားကလပ်အသင်းတသင်းကို တာဝန်ယူဖြစ်တော့မှာ မဟုတ်ကြောင်း ဂွါဒီယိုလာက အတည်ပြုခဲ့တာပါ။


တခြားအသင်းတသင်းကို တာဝန်ယူဖို့ အားအင်တွေ မရှိတော့ကြောင်းနဲ့ အချိန်တိုင်း အလုပ်များနေတဲ့အပေါ်  ဒဏ်မခံလိုတော့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။


နိုင်ငံအသင်းနည်းပြတာဝန်ကတော့ ကွဲပြားခြားနားပြီး မန်စီးတီးကနေ ထွက်ခွာပြီးနောက် ပြင်သစ်စကား သင်ယူတာမျိုး၊ ဂေါ့ဖ် ကစားတာမျိုးလို ကိုယ်စိတ်ပျော်ရာ အရာလေးတွေပဲ လုပ်ချင်တော့ကြောင်း နည်းပြ ဂွါဒီယိုလာ က ပြောသွားပါတယ်။ 


Source from DVB NEWS

၀ views၀ comments

Comments


bottom of page