top of page

မကြာသေးခင်ကမှ အသစ်စက်စက်ဖွင့်လှစ်လိုက်တဲ့ ဘန်ကောက် New Jodd Fairs

Writer's picture: Shwe ThaiShwe Thai

Updated: Nov 20, 2024

မကြာသေးခင်ကမှ အသစ်စက်စက်ဖွင့်လှစ်လိုက်တဲ့ ဘန်ကောက် New Jodd Fairs

သွားလည်စရာ ထပ်တိုးလာတဲ့ Jodd Fairs ညဈေးအသစ်ကြီးလို့ပဲပြောရမလား ဒါမှမဟုတ် ပိုက်ဆံကုန်ဖို့ နေရာတစ်ခုထပ်တိုးလာတယ်လို့ပဲ ပြောရမလား

shwethai

နောက်ထပ် Tourist Attraction ဖြစ်လာမဲ့နေရာအသစ်မှာ Jodd Fairs Ratchada နာမည်နဲ့ ဘန်ကောက်ရဲ့ နာမည်အကြီးဆုံးညဈေးကို နိုဝင်ဘာလ (၁) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အရင်ညဈေးရဲ့ အနီးအနားမှာပဲလို့ သိရပါတယ်။

shwethai

MRT Cultural Centre Station ဘေးရှိ Ratchadapisek လမ်းပေါ်က ညဈေးအသစ်ဟာ (2) ဟက်တာကျော် ကျယ်ဝန်းပြီး ဆိုင်ခန်း၊ စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်နဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။


ဒီညဈေးမှာတော့ အတွင်းဆိုင်ခန်းပေါင်း (၉၂၈) ခန်း၊ အပြင်ဘက်ဆိုင်ခန်း (၇၉၈) ခန်းနဲ့ဖွင့်လှစ်ထားပါတယ်။

စဖွင့်တာ ဘယ်လောက်မှမရှိသေးတဲ့အပြင်နာမည်ကြီးညဈေးကိုအသွင်အပြင်အသစ်နဲ့မြင်တွေ့ရမှာဖြစ်လို့လူပိုစည်ကားပြီးပျော်စရာလဲကောင်းမှာပါ

shwethai

နေ့စဉ် ညနေ (၅) နာရီမှမနက် (၁) နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားမှာဖြစ်ပါတယ် ဒီနေရာလေးကိုသွားမယ်ဆိုရင်တော့MRT Blue Line ရဲ့ Thailand Cultural Centre Station မှာ ဆင်းပါ MRT Blue Line ကနေ ထွက်ထွက်ချင်း မြင်ရပါလိမ့်မယ်နော်။

၄ views၀ comments

留言


bottom of page