top of page
Writer's pictureShwe Thai

မကွေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး ရွှေများလုယူ

မကွေးမြို့တွင် ရွှေဆိုင်ပိုင်ရှင်ကို သေနတ်ဖြင့်ပစ်ပြီး ရွှေများလုယူ။

မကွေးမြို့ မြင်သာရပ်ကွက် ရန်ပယ်စျေး မဲထီးလမ်းနဲ့သုခီတာလမ်းထောင့်က ချိုချိုရတနာရွှေဆိုင် ပိုင်ရှင်ကို နိုဝင်ဘာ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အမည်မသိမျိုးသားနှစ်ယောက်က သေနတ်နဲ့ပစ်ပြီး ရွှေတွေလုယူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

shwethai.com

"ဒီနေ့နေ့ခင်းက ဝင်လုသွားတာ၊ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်တာ လည်ပင်းထိသွားတယ်။ ဆေးရုံကို ပို့နေတဲ့အချိန် ရဲတွေရောက်လာတယ်။ အခုတော့ ဆိုင်ပိတ်ထားတယ်။” 


အဆိုပါလုယက်မှုဖြစ်စဥ်မှာ ဆိုင်ရှင်ဦးထွန်းထွန်းဦး လည်ပင်းမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး မကွေးဆေးရုံကြီးကို ပို့ဆောင်ကုသထားရကာ ရွှေဆိုင်မှ ကနဦးသတင်းအရ ရွှေငါးဆယ်သား ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။


"ချိုချိုရတနာရွှေဆိုင်က ၂ ဆိုင်ရှိတာ၊ အခုအလုခံရတာ မဲထီးလမ်းက ရွှေဆိုင်။ မှန်ပုံးကို တူနဲ့ရိုက်ခွဲပြီးလုသွားတာ။ ရွှေငါးဆယ်ပါသွားတယ်လို့ ကနဦးသိရတယ်။ လုသွားတဲ့သူတွေကိုတော့ မမိဘူး။”

shwethai.com

လတ်တလောမှာ လုယက်သူတွေကို မကွေးမြို့အတွင်း စစ်ကောင်စီတပ်နဲ့ရဲတွေက ပိတ်ဆို့ရှာဖွေနေပေမဲ့ အခုချိန်ထိ ဖမ်းမမိသေးပါဘူး။


ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက် ညနေကလည်း မကွေးဆေးရုံကြီးရှေ့ စိမ်းဆေးခန်းမှာ လုယက်မှုဖြစ်ခဲ့ပြီး  ဒုတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာစိမ်းမို့မို့ သေဆုံးကာ အကူသူနာပြုတယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

Source from DVB NEWS

၈ views၀ comments

Comments


bottom of page