top of page
Writer's pictureShwe Thai

ဘုရားဖူးကား ချောက်ထဲကျပြီး ခုနစ်ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

Updated: Nov 21, 2024

ဘုရားဖူးကား ချောက်ထဲကျပြီး ခုနစ်ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် ရွာငံ-ဟန်မြင့်မိုရ် ကားလမ်းပိုင်းက ဒေသအခေါ် စခန်းကြီးအတက်အနီး ပေ ၃၅၀ ခန့် နက်တဲ့ ချောက်ထဲကို မီနီဘတ်စ်တစ်စီး အောက်တိုဘာလ ၂၈ ရက် မနေ့က ထိုးကျသွားတာကြောင့် ယာဥ်ပေါ်ပါလာသူ ခုနစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်း ကော်မတီက ထုတ်ပြန်ပါတယ်။

shwethai

ဒဏ်ရာရသူ ၁၇ ဦးထဲမှာ ခုနစ်ဦးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အဲဒီယာဥ်ပေါ်လိုက်ပါလာသူတွေဟာ အောင်ပန်းမြို့မှာ ကထိန်အလှူလုပ်ပြီးတဲ့နောက် မန္တလေးကို ဘုရားဖူးထွက်လာချိန် ကားကချောက်ထဲကို ထိုးကျခဲ့တာပါ။

shwethai

ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို သက်ဆိုင်ရာ ဆေးရုံတွေဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ချောက်ကနက်တာကြောင့် ကယ်ဆယ်ရေးသမားတွေ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


Source from RFA BURMESE

၉ views၀ comments

コメント


bottom of page