top of page

ဘန်ကောက် Immigration ဖြတ်ပုံ အခြေခံ အဆင့်ဆင့်

Writer's picture: Shwe ThaiShwe Thai

ဘန်ကောက် Immigration ဖြတ်ပုံ အခြေခံ အဆင့်ဆင့်

ရန်ကုန်က ဘန်ကောက်ကို လေယာဉ်နဲ့သွားပြီး ဘန်ကောက်ရောက်တဲ့အခါ ကျတော်တို့က ဘန်ကောက် လေဆိပ်ရဲ့ Arrival (ဆိုက်ရောက်) ခရီးသည်တွေဖြစ်ပါတယ်။


သုဝဏ္ဏဘူမိလေဆိပ်ရောက်ပြီဆို Immigration ဖြတ်မယ့်နေရာအထိ လမ်းလျှောက်လည်းရသလို၊စက်လှေကားစီးသွားလည်းရပါတယ်။


  • ဘန်ကောက် Immigration ဖြတ်ဖို့ တန်းစီပါ။

  • Immigration မှာ တန်းစီနေတုန်း ဓါတ်ပုံ လုံးဝ မရိုက်ပါနဲ့ လုံးဝ ခွင့်မပြုပါဘူး။

  • တန်းစီတဲ့အခါ မိမိရဲ့ Passport ၊လေယာဉ်လက်မှတ်၊ဟော်တယ် Booking စတဲ့ စာရွက်စာတမ်း အစုံအလင် ထုတ်ထားပါ။

  • မိမိ အလှည့်ရောက်ပါက Passport၊ဟော်တယ် Booking၊လေယာဉ်လက်မှတ် ထုတ်ပေးလိုက်ပါ။

များသောအားဖြင့် သိပ်မမေးပါ၊အမည် နဲ့ ဘယ်နှစ်ရက်နေမှာလည်း၊ဘာလာလုပ်တာလည်း ပဲမေးပါတယ်။

  • Show Money လည်း မစစ်တာများပါတယ်၊လိုလိုမယ်မယ် မေးမေး၊မမေးမေး ဘတ်၂သောင်း ဆောင်သွားတာပိုကောင်းပါတယ်။အကယ်၍ ဒေါ်လာ ဆောင်သွားမယ်ဆို $600 လောက်ယူသွားပါ။မသွားခင် ကတည်းက ဘတ် လဲ သွားတာ ပိုကောင်းပါတယ်။

  • မျက်နှာ Scan ဖတ်၊လက်ဗွေ Scan ဖတ် ပြီးတာနဲ့ Passport စာအုပ်မှာ တုံးထုပေးပါတယ်။

  • Immigration ဖြတ်ပြီးပါက Baggage Claim ဖို့ သွားပါ။

  • မိမိ ခရီးဆောင်အိတ်၊Luggage ယူပြီးရင် မိမိက Taxi (သို့မဟုတ်) Bus နဲ့ ဟော်တယ်ကိုသွားမယ်ဆိုရင် ပထမထပ် 1st Floor ကနေ ထွက်ပြီး စီးရမှာဖြစ်ပါတယ်၊ရထားစီးပြီး မြို့ထဲသွားမှာလား၊အကယ်၍ ရထားနဲ့ သွားမယ်ဆို Basement ကိုဆင်းပြီး ရထားလက်မှတ်ဖြတ်ပြီး သွားရုံပါပဲ။


"အခုမှ စသွားမယ့်သူတွေအတွက် ရည်ရွယ်ပါတယ်၊အားလုံးအဆင်ပြေကြပါစေ"


Credit to Ko Leo Vlog

၁၀ views၀ comments

Commenti


bottom of page