top of page

ဘန်ကောက်မှာ MRT,BTS စီးဖို့ ဒီလိုအခြေခံလေးတွေသိဖို့လိုပါတယ်

Writer's picture: Shwe ThaiShwe Thai

ဘန်ကောက်မှာ MRT,BTS စီးဖို့ ဒီလိုအခြေခံလေးတွေသိဖို့လိုပါတယ်



  • မိမိလက်ထဲမှာ MRT,BTS လက်မှတ်ဝယ်ဖို့ ဘတ်ငွေ အရွက် ပဲရှိတယ်ဆိုရင် အကြွေစေ့ ပဲသီးသန့်ထည့်ပြီး လက်မှတ်ဝယ်တဲ့ စက်မှာ မှားပြီးတန်းမစီ မိအောင် အရင် Ticket Machine ကိုကြည့်ပါ။

  • MRT,BTS ရထားလက်မှတ်ဝယ်ပြီးလို့ အထဲဝင်မယ်ဆို ဂိတ်မှာ ❌ သင်္ကေတပြတဲ့ဘက်က မဝင်ရပါဘူး အစိမ်းရောင် သင်္ကေတပြတဲ့ဘက်က ဝင်ရပါမယ်။

  • MRT မြေအောက် ရထားစီးဖို့ အောက်ထပ်ကိုဆင်းပြီး ညာဘက်မှာ မိမိသွားမယ့် ဘူတာကိုရောက်လားအရင်ကြည့်ပါ၊မရောက်ရင် ဘယ်ဘက်ကစီးရမှာပါ။

  • BTS မိုးပျံရထားကတော့ MRT လို ဘယ်ဘက်ကမရောက်ရင် ညာဘက် ကနေ အလွယ်တကူစီးသလိုမျိုးစီးလို့မရပါဘူး၊BTS မိုးပျံရထား စီးဖို့ လှေကားကနေ အပေါ်ထပ် ကို ထပ်တက်ရပါတယ်၊ဘက်မှားတက်ရင် ပြန်ဆင်းပြီးမှ ဆန့်ကျင်ဘက် လှေကားကနေပြန်တက်ရတာပါ၊ဒါမျိုးမဖြစ်အောင် လှေကားပေါ်မတက်ခင် လှေကားဘေးနားက အညွှန်းကို အရင်ကြည့်ပါ မိမိသွားမယ့်ဘူတာကို ရောက်မှလှေကားပေါ်တက်ပါ။


"မသိသေးတဲ့ ခရီးသွားမိတ်ဆွေတွေအတွက် Ko Leo Vlog မှ ပြောပြပေးတာဖြစ်ပါတယ် အားလုံးအဆင်ပြေကြပါစေ"


Credit to Ko Leo Vlog

၈ views၀ comments

Comments


bottom of page