top of page

ဘန်ကောက်မြို့ ပတူနမ် အနီးတစ်ဝိုက် ဈေးဝယ်ထွက်မယ်ဆိုရင် ဘယ်မှာတည်းကြမလဲ?

Writer's picture: Shwe ThaiShwe Thai

ပတူနမ် ဈေးနဲ့နီးတဲ့ ဟော်တယ်လည်းဖြစ်သလို ဘန်ကောက်ကို ဈေးဝယ်ဖို့ထွက်လာတဲ့ မိတ်ဆွေတွေအတွက်တော့ သင့်တော်တဲ့နေရာလေးတစ်ခုပါ။


Soi Phetchaburi 17 လမ်းထဲမှာရှိတဲ့ Ten Stars Inn Hotel မှာ (၄)ညအိပ် ၊(၅)ရက် တည်းခဲ့တာ အဆင်ပြေပါတယ်။

ဟော်တယ်ကတော့ 3 Star Hotel ပါ။

တစ်ခုသတိပြုစေချင်တာက MRT,BTS စီးမယ်ဆိုရင်တော့ (၁၀)မိနစ်လောက်တော့ လမ်းလျှောက်ရပါတယ်။

တကယ်လို့ ပြန်မယ့်နေ့မှာ အထုပ်အပိုးတွေလည်းများတယ်၊Airport Rail Link စီးပြီး သုဝဏ္ဏဘူမိလေဆိပ်ကို သွားမယ်ဆို Tuk Tuk ငှားစီးပါ။

Ratchaprarop မှတ်တိုင်ကို Ten Stars Inn Hotel က

လမ်းမလျှောက်ပဲ Taxi စီးမယ်ဆို ဘတ် ၁၀၀ ပဲရှိပါတယ်။

ဟော်တယ်ခက တစ်ရက်ကို ဘတ် ၁၂၀၀ ပါ၊နှစ်ယောက်ခန်းပါ။

ရန်ကုန်က မသွားခင် (၂)ပတ်လောက်အလို Hotel Booking လုပ်တာပါ။

Hotel Booking လုပ်ထားပြီး ပိုက်ဆံတစ်ခါတည်းမပေးပဲ၊Hotel ရောက်မှပေးလည်းရပါတယ်၊Hotel ရောက်မှပေးရင် ဘတ် ၁၃၀၀ ပါ၊တစ်ခါတည်း ပေးချေမှသာ ၁၂၀၀ ပါ။

တစ်ရက် ဘတ် ၁၂၀၀ က မနက်စာ ပါ အပါဖြစ်ပါတယ်။


ဟော်တယ်ရဲ့ ဘေးမှာ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်လည်းရှိပါတယ်။

Reception က ဝန်ထမ်းတွေလည်းအဆင်ပြေပါတယ်၊တချို့ဟော်တယ်က reception ဝန်ထမ်းတွေက ဆက်ဆံရေးညံ့ပါတယ်။

Reception ကလည်း ဟော်တယ်တစ်ခုမှာ အရေးပါပါတယ်၊Customer ထပ်မလာချင်အောင်လည်း ဆက်ဆံရေးညံ့တဲ့ ဟော်တယ်တွေဆို ကောင်းလည်း နောက်တစ်ခေါက် မတည်းပါဘူး။

"အားလုံးအဆင်ပြေကြပါစေ"


Credit to Ko Leo Vlog

၆ views၀ comments

Comments


bottom of page