ဘန်ကောက်မြို့လယ် Ratchaprasongက နာမည်ကြီးဟိုတယ်တစ်ခုမှာ ဒီည အခင်းဖြစ်ပွားခဲ့တာပါ။ ဗီယက်နမ် ၄ဦးနဲ့ US ၂ဦး (အမျိုးသား ၃ဦး + အမျိုးသမီး ၃ဦး) ဟိုတယ်ခန်းထဲမှာ ထူးဆန်းစွာ သေဆုံးနေကြပါတယ်။
အခန်းက ဒီနေ့ July 16ထိပဲ ယူထားတာကို check out လာမလုပ်ကြသေးလို့ ဟိုတယ်ဝန်းထမ်းက သွားပီးစစ်ဆေးကြည့်တဲ့အခါမှာ အခန်းတံခါးက ပွင့်လှစ်နေပြီး ၄ယောက်က ကြမ်းပြင်ပေါ်မှာ နောက်ထပ် ၂ယောက်က အိပ်ခန်းထဲမှာ အသက်မဲ့ ခန္ဓာကိုယ်တွေအနေနဲ့ တွေ့ရှိရတာပါ။ Luggageနဲ့ အဝတ်အစား အိတ်တွေကလည်း သူတို့အနီးမှာ ထုပ်ပိုးထားပီးတာ တွေ့ရှိရပါတယ်...
ကနဦးစစ်ဆေးချက်တွေအရ လက်ဖက်ရည် ၊ ကော်ဖီသောက်ခြင်းမှ အဆိပ်သင့်တဲ့ သဲလွန်စတွေ တွေ့ရှိတယ်လို့ ယူဆရပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းဟာ စီးပွားရေးဆိုင်ရာကိစ္စကြောင့်လား ၊ လက်စားချေမှု ၊ ဒါမှမဟုတ် ထူးဆန်းတဲ့ ကိုးကွယ်ယုံကြည်မှုတွေကြောင့်လားဆိုတာကိုတော့ ရဲတပ်ဖွဲ့အနေနဲ့ ကောက်ချက်မချနိုင်သေးပါဘူး။
အခင်းဖြစ်ပွားရာ နေရာကို အကြီးတန်းရဲအရာရှိတွေသာမက ဝန်ကြီးချုပ် ကိုယ်တိုင် လာရောက် စစ်ဆေးနေတာကိုလည်း တွေ့ရှိရပါတယ်။
Credit to Burma Couple in BKK
Comentarios