top of page
Writer's pictureShwe Thai

ဗဟိုအမျိုးသမီးဆေးရုံမှ ပျောက်ဆုံးကလေးငယ်အား ပြန်မတွေ့သေး

Updated: Nov 21, 2024

ဗဟိုအမျိုးသမီးဆေးရုံမှ ပျောက်ဆုံးကလေးငယ်အား ပြန်မတွေ့သေးပါဘူး။ ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံမှ ပျောက်ဆုံးနေသည့် ကလေးငယ်အား ပြန်မတွေ့သေးဘဲ လိမ်လည်ခံရမှုသာဖြစ်ကြောင်း ကလေးမိသားစုက ပြောသည်။

shwethai

ဗဟိုအမျိုးသမီးဆေးရုံတွင်မွေးဖွားသည့် မွေးကင်းစအရွယ်မိန်းကလေးတဦး မနေ့(အောက်တိုဘာလ ၃၀ ရက်) နံနက် ၄ နာရီအချိန်တွင် ဆေးရုံမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။


ထိုသို့ကလေးပျောက်ဆုံးနေသည့်အခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမကစုံစမ်းရာ ဗဟိုအမျိုးသမီးဆေးရုံနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက “ ကလေးယူသွားတဲ့သူကို ဖမ်းမိပြီ။ ပဲခူးနားမှာ မိတာ။ အခုရဲတွေ လိုက်သွား နေတယ်” ဟု ယနေ့မွန်းလွဲပိုင်း၌ ဖြေကြားမှုရရှိခဲ့သည်။ပျောက်ဆုံးသွားသည့်ကလေးကို ကလေးမိခင်၊ လူနာစောင့်များနှင့် လာရောက်ရောနှောနေထိုင်လေ့ရှိ သည့် အမျိုးသမီးက ခေါ်ဆောင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်းလည်း ဆေးရုံနှင့် နီးစပ်သူက ပြောဆိုထား သည်။


“ကလေးမိခင်ရယ် လူနာစောင့်ရယ်ရှိတယ်။ သူတို့နားမှာ သူတို့လူမျိုး အမျိုးသမီးတယောက် လာရောနေ တာ တရက်လောက်ရှိပြီ။ ဒီနေ့ မနက် ၄ နာရီလောက်မှာ ကလေးကိုယူပြီးထွက်ပြေးသွားတာ”ဟု ဖြစ်စဉ် ကိုသိရှိထားသည့် နောက်ထပ်ဆေးရုံ သတင်းရင်းမြစ်တဦးကလည်း ပြောကြားထားသည်။


ပျောက်ဆုံးနေသည့် ကလေးနှင့်ဦးလေးတော်စပ်သူကလည်း ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က “ ညောင်ခါးရှည်မှာ ကလေးသူခိုးကိုမိပါပြီ။ All Friends Thanks” ဟု လူမှုကွန်ရက်တွင် ကလေးပျောက် ဆုံးမှုနှင့်ပတ်သက်ပြီးအကူအညီတောင်းခံထားသည့်ပို့၌ ပြန်လည်ဖြေကြားထားသည်။


ကလေးပြန်လည်တွေ့ရှိသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကလေးမိသားစုနှင့်အဆက် အသွယ်ရရှိရေး မဇ္ဈိမကဆက်လက်ကြိုးစားရာ ယနေ့ ညနေ ၅ နာရီအချိန်တွင် မိသားစုနှင့်အဆက် အသွယ်ရရှိခဲ့သည်။

ပျောက်ဆုံးနေသည့်ကလေး၏ဦးလေးဖြစ်သူက ကလေးပြန်တွေ့သည်ဆိုသောဖြစ်စဉ်သည် လိမ်ညာခံရ ခြင်းသာဖြစ်ပြီး လက်ရှိအချိန်အထိ ကလေးကိုပြန်မတွေ့သေးကြောင်း ပြောကြားခဲ့သည်။


“ ကလေးက မတွေ့သေးဘူး။ လိုက်ရှာနေတုန်းပါပဲ လှည့်ပတ်ပြီးရှာနေတုန်းပဲ။ အစက ညောင်ခါးရှည်မှာ တွေ့တယ်ဆိုပြီး အကြောင်းကြားတာ။ ကျွန်တော်တို့လည်း ယုံတော့ လိုက်တဲ့အခါမှာ သူတို့က ကျွန်တော် တို့ကို ပိုက်ဆံလိမ်တာ၊ ပိုက်ဆံလွဲခိုင်းတာ လွှဲပေးလိုက်ပါတယ်။ အဲ့ဒါကို လိမ်သွားတာ သူတို့က မတွေ့ဘူး ပေါ့။ လက်ရှိကရှာနေတုန်းပဲ အကုန်လုံးကရှာနေကြပါတယ်”ဟု ပျောက်ဆုံးနေသည့် ကလေး၏ ဦးလေး က ဆိုသည်။

ပျောက်ဆုံးနေသည့်ကလေးနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ရရှိနိုင်ရန် ဆက်လက်စုံစမ်းနေသည်။


Source from MIZZIMA DAILY NEWS

၂ views၀ comments

Comments


bottom of page