top of page

ဖိလစ်ပိုင်နိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားသူတစ်ဦးတွေ့ရှိ

Writer's picture: Shwe ThaiShwe Thai

Updated: Aug 22, 2024

ဖိလစ်ပိုင်နိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူတစ်ဦး ထပ်မံတွေ့ရှိသည့်အတွက် စုစုပေါင်း ရောဂါကူးစက်ဖြစ်ပွားသူ ၁၀ ဦးအထိရှိလာကြောင်း ကျန်းမာရေးဌာနက တနင်္လာနေ့တွင် ပြောသည်။

ယင်းမှာ ယခုနှစ်အတွင်း ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်ခံရခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ဌာနသို့ အစီရင်ခံတင်ပြခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောသည်။ ရောဂါကူးစက်ခံရသူမှာ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံပြင်ပသို့ ခရီးသွားမှတ်တမ်းမရှိကြောင်း သိရသည်။


ဖိလစ်ပိုင်နိုင်ငံ၌ မျောက်ကျောက်ရောဂါ နောက်ဆုံးကူးစက်ဖြစ်ပွားမှုမှာ ယမန်နှစ် ဒီဇင်ဘာလကဖြစ်သည်။ ယခင်မျောက်ကျောက် ရောဂါကူးစက်ခံရသူအားလုံးကို သီးသန့်ခွဲခြားထားကာ ဆေးဝါးကုသမှုပေးခဲ့ကြောင်း ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောသည်။


Source from MYANMAR DIGITALNEWS

၈ views၀ comments

Comments


bottom of page