top of page
Writer's pictureShwe Thai

ပီရူးတွင် တောမီးလောင်ပြီး ၁၆ ဦးသေဆုံး၊ အရေးပေါ်အခြေအနေ ကြေညာ

Updated: Nov 22, 2024

ပီရူးတွင် တောမီးလောင်ပြီး ၁၆ ဦးသေဆုံး၊ အရေးပေါ်အခြေအနေ ကြော်ငြာခဲ့ပါတယ်။ ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ နိုင်ငံရဲ့ အန်ဒီယမ်နဲ့ အမေဇုန် သီးနှံစိုက်ခင်းမြေတွေ အနှံ့အပြားကို မီးလောင်ကျွမ်းခဲ့ပြီး လူ ၁၆ ယောက် သေဆုံးခဲ့တဲ့ တောမီးလောင်ကျွမ်းမှုဒဏ် ခံခဲ့ရတဲ့ ဒေသ ၃ ခုမှာ စက်တင်ဘာ ၁၈ ရက်က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ 

shwethai

ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ မီးငြှိမ်းသတ်ရမယ့် အရင်းအမြစ်တွေကို ပိုမိုခွဲဝေပေးဖို့ တောင်းဆိုမှု အများအပြားကို တင်ပြလာကြပြီးနောက်မှာ တောထူထပ်တဲ့ မြောက်ပိုင်းဒေသတွေဖြစ်တဲ့ အယ်မဇွန်နာ့စ်၊ ဆန်မာတင်နဲ့ အူကာယာလီ ဒေသတွေဟာ အရေးပေါ် အစီအမံအသစ်တွေအောက်မှာ ရှိမှာဖြစ်ပါတယ်။

ပီရူးနိုင်ငံရဲ့ ဒေသအများစုမှာ မီးလောင်ကျွမ်းမှု ၂၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ခဲ့ကြောင်း သမ္မတက အစိုးရအိမ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။


ဇူလိုင် ၁၅ ရက်ကနေ ဒီနေ့အထိ မီးလောင်ကျွမ်းမှုနဲ့ဆက်နွှယ်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားခဲ့ရသူ ၁၅၅ ယောက်ရှိပြီး အဲဒီအထဲက ၁၅ ယောက် သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ အမျိုးသားကာကွယ်ရေးဌာန အကြီးအကဲ ဒေးဗစ် အပွန်တေက ပြောဆိုပါတယ်။


ပီရူးနိုင်ငံမှာ ဩဂုတ်လမှ နိုဝင်ဘာလအတွင်း မကြာခဏ တောမီးလောင်ကျွမ်းတတ်ပြီး အဓိကအားဖြင့် စိုက်ပျိုးရေးနယ်နိမိတ်ကို ချဲ့ထွင်ဖို့အတွက် ခြောက်သွေ့ကွင်းပြင်တွေကို မီးရှို့တာကြောင့်ဖြစ်ပြီး တခါတရံ မြေယာရောင်းဝယ်သူတွေကြောင့် လောင်ကျွမ်းတတ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။


အခုလအစောပိုင်းမှာ ဘရာဇီးရဲ့ အာကာသသုတေသနအေဂျင်စီက ခွဲခြမ်းစိတ်ဖြာခဲ့တဲ့ ဂြိုဟ်တုဒေတာ အချက်အလက်တွေအရ တောင်အမေရိကတဝန်းမှာ အခုနှစ်အထိ မီးလောင်မှု ဖြစ်ပွားတဲ့ နေရာပေါင်း ၃၄၆၁၁၂ နေရာ ရှိခဲ့တာကို မှတ်တမ်းတင်ခဲ့ပါတယ်။


Source from DVB NEWS

၆ views၀ comments

Comentarios


bottom of page