top of page
Writer's pictureShwe Thai

ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေဈေးတွေ ပြန်တက်လာ

Updated: Nov 21, 2024

ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေဈေးတွေ ပြန်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။

shwethai

အောက်တိုဘာလ ၂၃ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၄၅၄၀ ကျပ်ရှိခဲ့ရာနေ အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာတော့ ၄၆၇၀ ကျပ်အထိ မြင့်တက်လာတာပါ။


အောက်တိုဘာလ ၂၄ ရက်နေ့ကတော့ တစ်ဒေါ်လာကို ၄၈၄၀ ကျပ်အထိ ရုတ်တရက်မြင့်တက်ခဲ့ပြီး အဲဒီနေ့မှာ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းပေးလိုက်တာကြောင့် ဈေးပြန်ကျသွားပေမဲ့ အရင်နေ့က ဈေးနှုန်းထက်တော့ အနည်းငယ် မြင့်တက်နေဆဲပဲလို့ နိုင်ငံခြားငွေ လဲလှယ်ရောင်းချသူတစ်ဦးက ပြောပါတယ်။


“အရှေ့နှစ်ရက်လောက်ကနေ တအိအိတက်လာတယ်။ မနေ့ကတော့ ရုတ်တရက် တက်သွားတယ်။ သူတို့ ရေတိုလုပ်တဲ့ နိုင်ငံခြားငွေ ထုတ်ရောင်းတာ ခဏရပ်သွားတဲ့အတွက်ကြောင့်တက်တာ။ ပြီးတော့ ကြားထဲမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်သွားတဲ့အတွက်ကြောင့်လည်း ပါမယ်။ ဒါတွေက ရုတ်တရက် ငြိမ်နေသလို ဖြစ်နေတဲ့စျေးကို ဆွဲကျအောင်လုပ်သလို ဖြစ်သွားတာ”


စစ်ကောင်စီ ဗဟိုဘဏ်က အောက်တိုဘာလ ၂၄ ရက်နေ့မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၅၆၄ ကျပ်နှုန်းနဲ့ ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ထိုင်းငွေ တစ်ဘတ်ကို ၁၂၀ ကျပ်နဲ့ ၁၆ ဒသမ ၅ သန်း ထုတ်ရောင်းပေးထားတာပါ။

အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ အနည်းငယ်ပြန််မြင့်တက်လာသလို အခေါက်ရွှေဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။


ပြီးခဲ့တဲ့ တစ်ပတ်ခန့်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ငွေ ၆၁ သိန်းအထိ ကျဆင်းခဲ့ရာကနေ လက်ရှိမှာတော့ ၆၇ သိန်းကျော်အထိ မြင့်တက်လာနေတယ်လို့ ရွှေအရောင်းအ၀ယ်လုပ်နေသူ တစ်ဦးက ပြောပါတယ်။

“ရွှေဈေးက တစ်ရက် နှစ်ရက်လောက်ရှိပြီ။ ပြန်တက်လာတာ။ အခုက နိုင်ငံတကာသတင်းတွေ ပြည်တွင်းသတင်းတွေနဲ့ မို့လားမသိဘူး။ ခြောက်ဆယ့်ခုနစ်သိန်းနှစ်သောင်း ( ၆,၇၂၀,၀၀၀ ) အထိ ရောက်လာတယ်။ တရိပ်ရိပ် တက်လာတာ။ အရောင်းအ၀ယ်ကတော့ နည်းနည်းအေးစက်စက်ပဲ။ စျေးတက်လာရင်တော့ အ၀ယ်သမားတွေ နည်းနည်း ပြန်လိုက်လာတယ်”


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲသြဂုတ်လက အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ခြောက်ထောင်ကျော်အထိ မြင့်တက်ခဲ့သလို အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်းခုနစ်ဆယ်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။


Source from RFA BURMESE

၁၀ views၀ comments

Commentaires


bottom of page