top of page

ဒေါ်နယ် ထရမ့်ကို ပစ်ခတ်ခဲ့တဲ့သေနတ်သမား ဘယ်သူလဲ

Writer's picture: Shwe ThaiShwe Thai


ဘာ့ဒ် ဒဘက်စ်မန်း၊ တွန် ဘိတ်မန်းနဲ့ တွန် မက်ခ် အာသာ


  • ဘီဘီစီသတင်း

  • ရေးသားပေးပို့သည့်နေရာပန်ဆယ်ဗေးနီးယားနဲ့ လန်ဒန်

  • ၁၅ ဇူလိုင် ၂၀၂၄



အမေရိကန်ပြည်ထောင်စု၊ ပန်ဆေဗေးနီးယားပြည်နယ်၊ ဘက်သယ် ပါ့ခ်မြို့က ဆင်ခြေဖုံးအရပ်မှာ နေထိုင်သူတွေအတွက်တော့ အတွေးနယ်ချဲ့မဆုံးဖြစ်နေပါတယ်။

ဒေသခံ လူငယ်လေး လူငယ်လေး သောမတ်စ် မက်သူး ခရွတ်စ်ဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် လူထုနဲ့တွေ့ဆုံနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ပစ်ခတ်ပြီး လုပ်ကြံဖို့ ကြိုးပမ်းခဲ့သူအဖြစ် သတ်မှတ်ခံလိုက်ရတာကြောင့် ဖြစ်ပါတယ်။

ခရွတ်စ်ဟာ ပန်ဆေဗေးနီးယားပြည်နယ်၊ ဘတ်တလာမြို့မှာ လူအုပ်ကို မိန့်ခွန်းပြောနေတဲ့ သမ္မတဟောင်း ထရမ့်ကို အေအာရ် -၁၅ အမျိုးအစား ဆမီ အော်တို မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။

ဒီပစ်ခတ်မှုကြောင့်ပဲ ပရိသတ်ထဲက လူတစ်ဦးသေဆုံးပြီး နောက်ထပ် လူနှစ်ဦးလည်း စိုးရိမ်ဒဏ်ရာတွေ ရခဲ့ပါတယ်။

အနေတင့်ကြတဲ့သူ့အရပ်ထဲ အိမ်နီးချင်းတွေအတွက်တော့ အနေ‌အေးတဲ့ဒီလူငယ်ဟာ ထရမ့်ကို လုပ်ကြံပစ်ခတ်တယ်လို့ ဘယ်လိုဘယ်ပုံ စွပ်စွဲခံရလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။

အသက် ၂၀ အရွယ် စားဖိုဆောင်လုပ်သား ခရွတ်စ်ကိုတော့ သမ္မတသက်တော်စောင့်လုံခြုံရေးအဖွဲ့ (Secret Service)က အဲဒီနေရာမှာတင် အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) ကတော့ ခရွတ်စ်ဟာ “သမ္မတဟောင်းကို လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ ပါဝင်သူဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်ပြီးပြုလုပ်နေတယ်”လို့ တာဝန်ရှိတဲ့အတိုင်း ထုတ် ပြောပါတယ်။


၇ views၀ comments

Comments


bottom of page