မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဒီဘရိုင်းအတွက် ကမ်းလှမ်းမှု တွေရှိလာရင် ရောင်းထုတ်သွား ဖို့ စီစဉ်ထားပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမားဟာ ၂၀၁၅ ခုနှစ်ကတည်းက ဝုဗ်ဘက်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးမှာကစားနေတာ ၉ နှစ်ရှိပါပြီ။
စာချုပ်သက်တမ်းကလည်း အခုနှစ်ရာသီပြီးဆုံးချိန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဘရိုင်းဟာ စီးတီးအတွက် စုစုပေါင်း ၃၉၄ ပွဲကစားထားပြီး ဆုဖလား ၁၄ လုံးအထိ ရယူနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂန္ထဝင်ကစားသမားတယောက်အဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပါတယ်။
ဒီဘရိုင်းအနေနဲ့ အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင် မန်စီးတီးအသင်းရဲ့ စီးတီးဘောလုံးအုပ်စု အောက်က ကလပ်တွေဖြစ်တဲ့ မဲလ်ဘုန်းစီးတီး၊ နယူးယောက်စီးတီး၊ ထရိုင်းရက်စ်၊ ဂျီရိုနာ၊ ပါလာမို အစရှိတဲ့အသင်းတွေဆီ ပြောင်းရွှေ့နိုင်တယ်လို့ တယ်လီဂရပ်ဖ်သတင်းစာကရေးသား ဖော်ပြသွားပါတယ်။
Source from DVB
Comments