top of page

ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဘန်ကောက် မြို့ကြီး ၅ ခုမှာ ထူထပ်တဲ့ မီးခိုးတွေ ဖုံးလွှမ်းမည်

Writer's picture: Shwe ThaiShwe Thai

ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဘန်ကောက် မြို့ကြီး ၅ ခုမှာ ထူထပ်တဲ့ မီးခိုးတွေ ဖုံးလွှမ်းမည်လို့ သတိပေးလိုက်ပါတယ်။

shwethai.com

ထိုင်း လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနက ပြီးခဲ့တဲ့ စနေနေ့မှာ ထိုင်းမှာ မီးလောင်ကျွမ်းတဲ့ နေရာ ၁၈၄ ခု တွေ့ရှိရပြီး အများစု ဖြစ်တဲ့ ၁၄၀ ခုဟာ လယ်ယာမြေ မီးရှို့မှုကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ လယ်ယာမြေ ဧရိယာတွေက မီးခိုးတွေဟာ လေတိုက်ခတ်မှုကြောင့် အနောက်တောင်ဘက်ကို ရွေ့လျားလာကြတယ်လို့ ဌာနက ပြောပါတယ်။


ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ အေးမြတဲ့ လေထုဟာ အရှေ့မြောက်ပိုင်းကို ရောက်လာမှာ ဖြစ်ပြီး ဘန်ကောက် မြို့ကြီး ၅ ခုမှာ လေထု ငြိမ်သက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဘန်ကောက်မြို့ကြီး ၅ ခုမှာ အဲဒီ ကာလအတွင်း မီးခိုးတွေ ထူထပ်မှာ ဖြစ်ပါတယ်။


ထိုင်း လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေး ဌာနက ဒီဇင်ဘာလ ၇ ရက်နေ့မှာ လေထု ရွေ့လျားမှု တိုးမြင့်လာမှာ ဖြစ်ပြီး ဘန်ကောက် မြို့ကြီး ၅ ခုမှာ လေထု ညစ်ညမ်းမှု ကျဆင်းသွားမယ်လို့ ပြောပါတယ်။


Source from BANGKOK POST

၂ views၀ comments

Comments


bottom of page