top of page

ထိုင်းအစိုးရက သုံးလုံးထီ ရောင်းမည်

Writer's picture: Shwe ThaiShwe Thai

ဈေးနှုန်းကြီးမြင့်မှုနဲ့ တရားမဝင် ထီဈေးကွက်ပြဿနာကို ကိုင်တွယ်ဖို့အတွက် ထိုင်းအစိုးရ ထီရုံးက သုံးလုံးထီပါ အခုလထဲ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

သုံးလုံးထီဟာ တစောင်ကို ဘတ် ၂၀ ကုန်ကျမှာဖြစ်ပြီး ဝယ်သူဟာ သုညသုံးလုံးကနေ ကိုးသုံးလုံးကြား ကြိုက်တဲ့နံပါတ် ရွေးနိုင်မှာဖြစ်ပါတယ်။

ဆုကြေးကို သုံးလုံးဒဲ့တူ၊ သုံးလုံးတူ အစဉ်မတူ (တွတ်)၊ နှစ်လုံး အစဉ်လိုက်တူနဲ့ အထူးဆုတွေဆိုပြီး ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။


သုံးလုံးထီကို အောက်တိုဘာ ၁၇ ရက်ကစပြီး ၆ လ စမ်းသပ်ရောင်းချသွားမှာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှာ ထီစဖွင့်မှာဖြစ်ပါတယ်။


လတ်တလောမှာ သုံးလုံးထီကို ခြောက်လုံးထီလိုမျိုး Pao Tang အက်ပလီကေးရှင်းကနေ ထိုးလို့ရဦးမှာမဟုတ်ပေမဲ့ အခုစမ်းသပ်မှုမှာပါဝင်တဲ့ နိုင်ငံတဝန်းက ထီဆိုင် ၄၀၀ မှာ ထိုးနိုင်မှာဖြစ်ပါတယ်။


အဲဒီဆိုင်တွေနဲ့ Pao Tang  အက်ပလီကေးရှင်းမှာ ၆ လုံးထီကိုလည်း တစောင်ဘတ် ၈၀ နဲ့ ထိုးနိုင်မှာဖြစ်ပါတယ်။

လာမယ့် ၂၀၂၅ ဧပြီလကျမှ စမ်းသပ်မှု အဆုံးသတ်ပြီး သုံးလုံးထီကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောင်းချမှာဖြစ်ပါတယ်။


ထီဈေးတင်ရောင်းမှုဖြစ်စေတဲ့ လက်မှတ်ဖြန့်ဖြူးရောင်းချရေးကို ချုပ်ကိုင်ထားတဲ့ အုပ်စုတွေကို ကိုင်တွယ်ဖို့ ထီရုံးက ကြိုးပမ်းတဲ့အနေနဲ့ ၆ လုံးထီကို အက်ပလီကေးရှင်းကပါ ရောင်းချတာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


Source from DVB NEWS

၁ views၀ comments

Commenti


bottom of page