top of page

ထိုင်းမှာ မိုးသက်မုန်တိုင်း ကျရောက်မယ်လို့ အာဏာပိုင်တွေသတိပေး

Writer's picture: Shwe ThaiShwe Thai

ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်မှာ ရှိတဲ့ ခရိုင်အားလုံးမှာ ဒီသီတင်းပတ်အတွင်း မိုးသက်မုန်တိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်မယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၉ ရက်က သတိပေးလိုက်ပါတယ်။

ရာသီဥတုအတက်အကျနဲ့ အပြောင်းအလဲဂယက်အတွက် ပြင်ဆင်ထားဖို့ လက်အောက်ဌာနတွေကို အမိန့်ထုတ်ပြန်ထားတယ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ပြောတယ်လို့ ဆိုပါတယ်။


ခရိုင် ၁၇ ခု အထူးသဖြင့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ ရေလွှမ်းမိုးတဲ့အတွက် မိသားစု လေးသောင်းရေဘေးသင့်တယ်လို့လည်း တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


သြဂုတ် ၁၆ ရက်က စလို့ ထိုင်းနိုင်ငံက ၃၇ ခရိုင်က အိမ်ထောင်စု တစ်သိန်းရှစ်သောင်းကျော် ရေဘေးသင့်ပြီး ၄၉ ယောက်သေဆုံးပြီး ၂၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။


Source from RFA BURMESE

၃ views၀ comments

Comments


bottom of page