ပထမဆုံး ဘာအကြောင်းရာမှမပြောခင် ဒီရှုခင်းကိုမြင်တော့ ၁ မိနစ်လောက်ငြိမ်သက်သွားခဲ့တယ်။ ကိုယ်အရမ်းလာချင်နေတဲ့ နေရာလေးတစ်ခုကို ရောက်အောင်လာနိုင်ခဲ့ပြီလေ။ တစ်လမ်းလုံး ပင်ပန်းလာသမျှ အမောတွေပြေစေတဲ့ ရွာလေးပေါ့....
![](https://static.wixstatic.com/media/8e32ce_486672800e0245608d4709de13074406~mv2.jpg/v1/fill/w_600,h_514,al_c,q_80,enc_auto/8e32ce_486672800e0245608d4709de13074406~mv2.jpg)
ထိုင်းနိုင်ငံကို Explore လုပ်ဖို့ထွက်လာတဲ့အထဲ ဒီရွာလေးက Bucket list ထိပ်ဆုံးမှာရှိနေခဲ့တယ်။ သူ့နာမည်က Ban Sapan တဲ့။ Nan မြို့နယ်အတွင်းမှာရှိပြီး ထိုင်းနိုင်ငံအရှေ့ပိုင်း လာအိုနယ်စပ်အနီး Bo Kluea မှာရှိတဲ့ရွာလေးပေါ့။ ချင်းမိုင်ကနေဆိုရင် ရွာအထိတိုက်ရိုက်သွားမယ်ဆိုရင် ၇ နာရီကျော်လောက် မောင်းရပါတယ်။
ဒီတစ်ပတ် July 19 တုန်းက TD ရဲ့မွေးနေ့လည်းဖြစ်တော့ ခရီးတစ်ခုသွားကြမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ Nan ကိုသွားဖို့စီစဉ်ခဲ့ကြတာ။ အမှန်တော့ Nanထက် ဒီရွာလေးကိုသွားချင်တာ။ လက်တွေ့မှာတော့ Nan မြို့နဲ့Sapan ရွာလေးက တောင်ပေါ်ကြီးပဲ ၂ နာရီခွဲလောက်ထပ်မောင်းရသေးတယ်။ Nan ကတော့ ထွေထွေထူးထူးပြောပြနေစရာကြီးမရှိတော့ ဒီရွာလေးအကြောင်းပဲ တင်ပေးတော့မယ်နော်။
![](https://static.wixstatic.com/media/8e32ce_1e73f16e37c145dc9df70e4fad72adae~mv2.jpg/v1/fill/w_960,h_854,al_c,q_85,enc_auto/8e32ce_1e73f16e37c145dc9df70e4fad72adae~mv2.jpg)
Sapan ရွာကိုလာဖို့ဆိုရင် ချင်းမိုင်ကနေ ကားတိုက်ရိုက်မရှိပါဘူး။ Nan အထိတော့ Bus နဲ့လာလို့ရပါတယ်။ TD တို့ကတော့ သူငယ်ချင်းတွေနဲ့အဖွဲ့လိုက် ကိုယ့်ကားနဲ့ကိုယ် သွားတာမို့ Nan အထိမောင်းသွားခဲ့ပါတယ်။ မနက် ၉ နာရီလောက်ကထွက်တာ Nan ကို ၅နာရီခွဲလောက်မောင်းရပါတယ်။
တစ်ခါမှလဲမရောက်ဖူးတော့ Nan က Resort တစ်ခုမှာပဲ တစ်ညတာ တည်းခိုခဲ့ပါတယ်။ ဒီအချိန်က ဈေးအရမ်းသက်သာလို့ Resort ကိုတောင် တစ်ည 600 နဲ့တည်းခွင့်ရခဲ့ပါတယ်။ မိုးချုပ်နေပြီဆိုတော့ မုကထစားရင် ထွေထွေထူးထူးတော့ မလည်ဖြစ်ခဲ့ပါ။
![](https://static.wixstatic.com/media/8e32ce_0fc43bc52fc4429abf6044e606f16f62~mv2.jpg/v1/fill/w_980,h_643,al_c,q_85,usm_0.66_1.00_0.01,enc_auto/8e32ce_0fc43bc52fc4429abf6044e606f16f62~mv2.jpg)
နောက်ရက် မနက်စောစော ၅:၃၀ လောက်တည်းက Hotel Check out လုပ်ပြီး Sapan ရွာလေးကိုထွက်လာခဲ့ပါတယ်။ Sapan မရောက်ခင် Nan ရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ Street No.3 ကိုဖြတ်ရပါတယ်။ အရမ်းလှတဲ့ Instagram spot မှာ သေချာပေါက် ဓာတ်ပုံဆင်းရိုက်ကြတာပေါ့။ အဲ့ဒီကနေ တောက်လျှောက် တောင်တက်တောင်ဆင်းတွေ ဆက်တိုက်သွားရပေမယ့် လှလိုက်တဲ့ရှုခင်းတွေဆိုတာ လမ်းမှာတင် ဓာတ်ပုံဆင်းရိုက်ရင်း တစ်ရက်ကုန်နိုင်ပါတယ်။
လမ်းမှာကြီးပဲ ဓာတ်ပုံဆင်းရိုက်ဖို့ နောက်တစ်ခါထပ်သွားပါဦးမယ်။ နေ့လည်နေ့ခင်းတောင် မြူတွေဆိုင်းပြီး တောင်ကြောတစ်လျှောက် ကော်ဖီဆိုင်တွေ Homestay တွေနဲ့ အရမ်းကိုလှပါတယ်။တစ်ချို့အရာတွေက ကင်မရာထဲမှာထက် မျက်လုံးထဲမှာပိုလှတာမို့ ဓာတ်ပုံတွေတော့ အများကြီး မတင်ပေးတော့ပါဘူးနော်။ Trust me ပါ တကယ်လှတာ.....
အော် ဒါနဲ့ ဒီရွာလေးနဲ့ Nan ကိုလာမယ်ဆို မိုးတွင်းပဲလာဖို့ Recommend ပေးပါရစေ။ TD တို့လည်း မိုးကိုစောင့်နေရင်း အခုမှလာဖြစ်တာပါ။
အဲ့လိုနဲ့ ၂ နာရီခွဲကျော်ကျော်လောက် သွားလို့အပြီးမှာတော့ Sapan ရွာရဲ့ တောင်ပေါ်က View အလှဆုံးကော်ဖီဆိုင်လေးကိုရောက်ပါပြီ။ လှလိုက်တာဆိုပြီး ထိုင်ငေးနေမိတာ ဘယ်နှစ်နာရီဖြစ်သွားမှန်းမသိ။ Sapan ရွာမှာ ညအိပ်မယ်ဆိုရင်တော့ Homestay တွေကြိုရှာပြီး Book ထားဖို့လိုပါမယ်။ View လှတဲ့ Homestay တွေအကုန်လုံး Fully Booked ဖြစ်နေပါပြီ။ နောက်ရက် Homestay blogလေးတင်ပေးပါမယ်။ Walk in တည်းဖို့ဆိုရင်တော့ မလွယ်ပါဘူးနော်။ ပြီးတော့ ဒီကာလမှာ ဈေးလဲကြီးတာမို့ Budget ချွေတာမယ့် Backpacker တွေဆိုရင် Nan ကိုပြန်သွားပြီးတည်းတာပိုအဆင်ပြေပါလိမ့်မယ်။ ရွာမှာက အနည်းဆုံး တစ်ညကို ၃,၄၀၀၀ လောက်ကစပါတယ်။
နေ့လည်လောက် ရွာကပြန်အထွက်လာပြီးမှာတော့ TD တို့က Phyao ဖက်ကနေ ချင်းမိုင်ကိုပြန်လာခဲ့ပါတယ်။ အဲ့ဒီနေရာမှာလည်း အရမ်းသွားချင်တဲ့ နေရာလေးတစ်ခုရှိတာမို့ အပြန်ကို Phyao တောင်ကြောဘက်ကနေ ပြန်လာဖို့ရွေးချယ်ခဲ့တာပါ။
![](https://static.wixstatic.com/media/8e32ce_80eefcfd807e496a8df48f6202c210e4~mv2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_auto/8e32ce_80eefcfd807e496a8df48f6202c210e4~mv2.jpg)
တကယ်လို့ Sapan နဲ့ Nan ကိုသွားမယ်ဆိုရင် အနည်းဆုံး ၂ ညအိပ် ၃ ရက် (သို့) ၃ ညအိပ် ၄ ရက်လောက်သွားမှ တစ်ခြားနေရာတွေပါ စုံစုံလင်လင်ရောက်ပါလိမ့်မယ်။ မဟုတ်ရင် ကားစီးချိန်နဲ့ ပင်ပန်းပြီး ဘယ်မှရောက်မှာမဟုတ်ပါဘူး။ ဆိုင်ကယ်စီးမယ့်သူတွေဆိုရင်လည်း လမ်းတွေကမတ်တာမို့ ကျွမ်းကျင်တဲ့သူရယ် ဆိုင်ကယ်ဘီးကောင်းတွေကိုသာရွေးချယ်ပြီး မောင်းစေချင်ပါတယ်။ Nan ကို Bus နဲ့လာပြီး Nan မှာ ဆိုင်ကယ်ငှားပြီးလည်း လျှောက်သွားလို့ရပါတယ်။
Nan မှာတော့ Hostel တွေရော Resort တွေရော ဒီအချိန်သက်သာတာမို့ ချင်းမိုင်ကိုရောက်ဖြစ်လို့ အချ်ိန်ပိုရခဲ့ရင် ဒီနေရာလေးကို သေချာပေါက်သွားကြည့်ဖို့ အကြံပေးပါရစေ။ နောက်ထပ် Blog လေးတစ်ခုကိုတော့ နောက်တစ်ရက်မှာ ဆက်တင်ပေးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။
(ဒါနဲ့ မြန်မာနိုင်ငံထဲမှာ ဒီထပ်အဆပေါင်းများစွာလှတဲ့ ရွာတွေအများကြီးရှိတယ်နော် - ဤကား စကားချပ်)
We Explore ခြေဦးတည့်ရာ
TD
Credit to TD’s Travel Notes
コメント