top of page
Writer's pictureShwe Thai

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မှ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံ ဖရာ့နခေါစီအယုဒ္ဓယခရိုင် ဥထိုင်မြို့ နောင်နမ်းစုမ့် ကျေးရွာအုပ်စုနယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တရားမဝင် မြန်မာအလုပ်သမား ၂၆၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းဟာ တရုတ်လုပ်ငန်းရှင် ပိုင်ဆိုင်တဲ့ နေရာ ဖြစ်ပြီး စက်တင်ဘာ၂၃ ရက်က မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးခဲ့ရာမှ အခုလို အဖမ်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ရောက်စစ်ဆေးချိန်မှာ အထောက်အထားစာရွက်စာတမ်းမရှိတဲ့ မြန်မာအလုပ်သမား ကျား ( ၂၁၂ ) ဦး၊ မ ( ၅၂ ) ဦးတို့ကို စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။

"အခု အဖမ်းခံရသူတွေ က ထိုင်းကို အောက်လမ်းကနေ လာတဲ့သူများတယ် အခုလို မြန်မာနိုင်ငံသား အများကြီး အဖမ်းခံရတာ အတော်လေး စိတ်မကောင်း ဖြစ်ရတယ် အခုအခြေနေက ထိုင်းကို တရားမဝင် လာမယ်သူတွေ မလာသင့်တော့ဘူး လို့ ပြောချင်တယ်""လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။

ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေဟာ တနေ့လုပ်ခ ဘတ် ၅၀၀ ခန့်ရရှိပြီး လုပ်ငန်းကျွမ်းကျင်သူဖြစ်ပါက တစ်ရက်ကို ဘတ်၆၀၀ ထိရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဥပဒေအရ လုပ်ငန်းစဉ် တွေ ဆောင်ရွက်ပြီးပါက မိခင်နိုင်ငံကို ပြန်ပို့မှာ ဖြစ်တယ်လို့သိရပါတယ်။


Source from MYANMAR LABOUR NEWS

၄ views၀ comments

Comments


bottom of page