top of page

ထိုင်းစစ်တပ် ဖောက်ခွဲရေးပစ္စည်းသိုလှောင်ရုံ မိုးကြိုးပစ်ခံရပြီး မီးလောင်

Writer's picture: Shwe ThaiShwe Thai

ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် အယုဒ္ဓယမြို့မှာရှိတဲ့ ထိုင်းစစ်တပ်ပိုင် ဖောက်ခွဲရေးပစ္စည်း သိုလှောင်ရုံတရုံဟာ အောက်တိုဘာ ၂ ရက် ညနေက မိုးကြိုးပစ်ခံရပြီး မီးလောင် ပျက်စီးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဘန့်ကော်ရပ်ကွက် ဆန်ဖာဝုဒ်စက်မှုဇုန်ထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးချက်ရတဲ့အတွက် မီးသတ်ကားတွေနဲ့အတူ သွား‌ရောက်ငြှိမ်းသတ်ခဲ့တယ်၊ မီးလောင်တဲ့ အဆောက်အဦဟာ  ပျဉ်ထောင်ဖြစ်ပြီး မီးရှိန်ပြင်းပြင်းနဲ့  လျင်မြန်စွာ ပေါက်ကွဲလောင်ကျွမ်းနေလို့  အချိန်တနာရီကြာမှသာ ငြိမ်းသတ်နိုင်ခဲ့တယ်၊  မီးငြိမ်းပေမဲ့ အဆောက်အဦကြီးတခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်၊ သေဆုံးဒဏ်ရာရသူ တစုံတယောက်မှ မရှိဘူးလို့ မီးသတ်ဌာန ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 


မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အဆောက်အဦ တာဝန်ရှိသူတယောက်က   အခင်းဖြစ်ခါနီး မိုးသည်းထန်စွာရွာပြီး လျှပ်စီးပါ လက်တယ်၊ ခဏအကြာ မိုးကြိုးပစ်သံနဲ့အတူ ခေါင်မိုးပေါ်ကနေ မီးလောင်မှုစဖြစ်ပွားတယ်၊  မီးဟာ လျင်မြန်စွာဘဲ အဆောက်အဦနံရံတွေကို ကူးစက်လောင်ကျွမ်းသွားတယ်၊ အထဲမှာတော့ ဝန်ထမ်းအနည်းငယ်သာရှိပြီး ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။ 


အဆိုပါအဆောက်အဦဟာ နှစ်ပေါင်း ၈၀ ကျော် သက်တမ်းရှိပြီဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး တွေတော့ မတွက်ချက်ရသေးဘူးလို့  တာဝန်ရှိသူက ပြောပါတယ်။ 


Source from DVB NEWS

၁ views၀ comments

留言


bottom of page