top of page
Writer's pictureShwe Thai

ထိုင်းလေဆိပ်ခြောက်ခုမှာ မျက်နှာမှတ်တမ်းယူနည်းပညာ သုံးတော့မည်

Updated: Nov 21, 2024

ထိုင်းလေဆိပ်ခြောက်ခုမှာ မျက်နှာမှတ်တမ်းယူနည်းပညာ သုံးတော့မည်။ ထိုင်းနိုင်ငံက လေဆိပ်ခြောက်ခုမှာ Facial Recognition Technology လို့ခေါ်တဲ့ မျက်နှာသွင်ပြင် အသိအမှတ်ပြုနည်းပညာကို ဒီနှစ်ကုန်ပိုင်းမှာ အသုံးပြုတော့မှာ ဖြစ်တဲ့အတွက် ခရီးသည်တွေဟာ မှတ်ပုံတင်ကတ်ကို တစ်ကြိမ်ပဲ ပြစရာလိုတော့မယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ အောက်တိုဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။

shwethai

ဘန်ကောက်က သုဝဏ္ဍဘူမိနဲ့ ဒွန်မောင်း နိုင်ငံတကာလေဆိပ်တွေအပြင် မြန်မာတွေ အသွားအလာများတဲ့ ချင်းမိုင် နိုင်ငံတကာလေဆိပ်မှာ ဒီနည်းပညာသုံးမှာ ဖြစ်ပါတယ်။


ချင်းရိုင်၊ ဖူးခက်နဲ့ Hat Yai နိုင်ငံတကာလေဆိပ်တွေမှာလည်း သုံးမှာ ဖြစ်ပြီး ပြည်တွင်းခရီးသည်တွေအနေနဲ့ နိုဝင်ဘာ ၁ ရက်နဲ့ နိုင်ငံတကာ ခရီးသည်တွေအနေနဲ့ ဒီဇင်ဘာ ၁ ရက်မှာ စတင်အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

ဒီစနစ်သုံးဖို့ လေဆိပ်အဝင်မှာ ခရီးသည်တွေ ကိုယ်တိုင် လေယာဉ်စီးဖို့ စာရင်းသွင်းရပါမယ်။


အဲဒီနောက် ခရီးသည်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ ခရီးစဉ်တွေကို နည်းပညာကအချက်အလက် စုဆောင်းလိုက်ပြီး နိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်ပေါ်တက်ခွင့်စာရွက် ပြစရာမလိုတော့ဘဲ လေယာဉ်စီးခွင့်ရမှာ ဖြစ်ပါတယ်။


Source from RFA BURMESE

၃ views၀ comments

Comments


bottom of page