top of page

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ၈ ဦးအပါအဝင် လူ ၁၅ ဦးပါဝင်သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းမိ

Writer's picture: Shwe ThaiShwe Thai

Updated: Nov 29, 2024

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ၈ ဦးအပါအဝင် လူ ၁၅ ဦးပါဝင်သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

shwethai.com

ချင်းမိုင်မြို့ထဲက ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က နေရာ ၁၁ ခုကို ထိုင်းရဲတပ်ဖွဲ့က ထောက်လှမ်းရှာဖွေရာတွင် ကျားဖြန့်ဂိုဏ်းကို ဖမ်းမိခြင်းဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျားဖြန့်လုပ်ငန်းကို ဖမ်းဆီးရမိခြင်းဟု ဆိုသည်။


ဖုန်းဆင်းမ်ကတ် ၅၉၀,၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းမ်ကတ် Reader ၄၇ ခု သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

shwethai.com

ယင်းအပြင် ထိုင်းနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ ငွေလိမ်ဂိုဏ်းသည် ထိုင်း-တရုတ်နှင့် ချိတ်ဆက်နေသော ကွန်ရက်ဖြစ်ကြောင်း သိရသည်။


ယခု ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား နှစ်ဦးထဲက အသက် ၃၀ အရွယ် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာ တရုတ်နိုင်ငံသားဖြစ် ကြောင်းနှင့် ၎င်းမှာ လွတ်မြောက်နေဆဲဖြစ်သည်။

shwethai.com

အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးသည် ကျားဖြန့်လုပ်ငန်း အကောင်အထည်ဖော်ရန် နေအိမ်ငှားရမ်းပေးခြင်းနှင့် ဝန်ထမ်းများကို လစာထုတ်ပေးနေသူဖြစ်ပြီး များပြားလှသော ဆင်းမ်ကတ်များကို လူမှုကွန်ရက်အကောင့်အတုများလုပ်ရန် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။


လူမှုကွန်ရက် အကောင့်အတုများနှင့် မိုဘိုင်းဖုန်းများကို လုံခြုံရေးကာကွယ်ပေးသည့် စက်ပစ္စည်းကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ အဆိုပါ စက်ပစ္စည်းကို ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားက ဝယ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမျိုးသမီးက ထွက်ဆိုထားသည်။


Source from KHIT THIT MEDIA

၄ views၀ comments

Comments


bottom of page