top of page

ထိုင်းနိုင်ငံရဲ့ Festival of Lights လို့တင်စားကြတဲ့ Loy Krathong Lantern Festival

Writer's picture: Shwe ThaiShwe Thai

Updated: Nov 21, 2024

ထိုင်းနိုင်ငံရဲ့ Festival of Lights လို့တင်စားကြတဲ့ Loy Krathong Lantern Festival


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ ဒီမီးထွန်းပွဲမှာ Yi Peng နဲ့ Loy Krathong ဆိုပြီး အမျိုးအစား ၂ မျိုး ရှိပါတယ်။

shwethai

ထိုင်းနိုင်ငံကို လည်ပတ်သူတွေအနေနဲ့ကတော့ ဒီပွဲနှစ်မျိုးကို ပေါင်းပြီး ပွဲတစ်ပွဲတည်းအဖြစ် သတ်မှတ်ထားကြပေမယ့် ဒေသခံများရဲ့ ပြောကြားချက်အရ ပွဲနှစ်ခုဟာ အလွန်ကွာခြားတယ်လို့ သိရပါတယ်။


Loy Krathong ပွဲတော်မှာ ထိုင်းလူမျိုးတွေဟာ ငှက်ပျောရွက်ကို ကန်တော့ပွဲသဖွယ် ပြုလုပ်ကြပြီး အထဲမှာ ပန်း၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင်စတာတွေကိုထည့်ပြီး မြစ်ထဲကို မျှောလေ့ရှိကြပါတယ်။

shewthai

တချို့လူတွေဟာ မြစ်စောင့်နတ်ကို ပူဇော်ဖို့ အတွက် ဒင်္ဂါးပြားတွေကိုထည့်သွင်း မျှောလေ့ရှိတယ်လို့ သိရပါတယ်။ ပွဲတော်ကာလအတွင်းမှာ ထိုင်းလူမျိုးများဟာ မီးရှုးမီးပန်းများကို ဆော့ကစားခြင်းနှင့် လူကြီးမိဘများကို ကန်တော့ခြင်းစတာတွေကို ပြုလုပ်လေ့ရှိပါတယ်။


Loy Krathong ကို ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ကျင်းပလေ့ရှိပေမယ့် Yi Peng ကိုတော့ ချင်းမိုင်တစ်မြို့ထဲမှာသာ ကျင်းပလေ့ ရှိပါတယ်။ Yi Peng ပွဲတော်ဟာ မီးပုံးပျံလွှတ်ပွဲတော်ဖြစ်ပါတယ်။

shwethai

ဒီပွဲတော်မှာ ထိုင်းရိုးရာ မီးပုံးပျံတွေကို လောင်စာများထည့်ကာ ကောင်းကင်သို့ လွှတ်ကျပြီး ဒီလို လွှတ်လိုက်တဲ့ မီးပုံးပျံမှာ သူတို့ရဲ့ ကံဆိုးမှုများ၊ ဖျားနာခြင်းများနဲ့ မိမိ ပြုလုပ်ခဲ့ပြီးသော မကောင်းမှုများ ပါသွားတယ်လို့ ယုံကြည်ကြပါတယ်။


ပွဲတော်ကို Nov 15 - 17 ရက်နေ့ Wat Saen Fang Intersection ကနေ Thapae Gate Square တောက်လျှောက်ထိုင်းရိုးရာအကအလှတွေနဲ့အတူစည်ကားသိုက်မြိုက်စွာကျင်းပမှာဖြစ်ပါတယ်။

၄ views၀ comments

Comments


bottom of page