ထိုင်းနိုင်ငံမြောက်ပိုင်း၊ မဲ့ဟောင်ဆောင်ဒေသက ရွာကလေး Ban Rak Thai, စိမ်းစို အုံ့မှိုင်းနေပြီး အမြဲလို လို မြူတွေ ဆိုင်းနေတတ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာ ဆယ်ရွာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ ဒီရွာလေးဟာ တကယ့် ကူမင်တန်လူမျိုးတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုံတွေကို ကြည့်လိုက်တာနဲ့ တရုတ်နိုင်ငံကို ရောက်သွားသလို ထင်ရစေတဲ့ အရမ်းလှတဲ့ရွာလေးပါ။
သီးသန့်ရှိနေတဲ့ အပြင် တရုတ်ပြည်မကြီးမှာလို အရမ်းချစ်ဖို့ကောင်းတဲ့ တရုတ်အိမ်လေးတွေ၊ စိမ်းစိုနေတဲ့ လက်ဖက်စိုက်ခင်းတွေ၊ တရုတ်ရိုးရာ ဝါးဖောင်တွေ၊ မီးပုံးတွေကို ယခုထိတိုင်တွေ့ရမှာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်လို့ လှပြီးနေလို့ကောင်းတာကြောင့် ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ ဒီရွာလေးဟာလက်ဖက်စိုက်ခင်းနဲ့ ချယ်ရီပင်တွေကြောင့်လည်း နာမည်ကျော်ကြားပါတယ်။
နေဝင်ဆည်းဆာအချိန်လေးမှာ ရေကန်ရဲ့လွမ်းမောဖွယ်မြင်ကွင်းတွေကို ခံစားကြည့်ရှုနိုင်ပြီး ဓာတ်ပုံတွေကို အလှဆုံးရိုက်ယူဖို့ ပြီးပြည့်စုံတဲ့နေရာလေးပါ။ Ban Rak Thai ကသူ့ရဲ့လက်ဖက်ခြောက်ထွက်ကုန်တွေနဲ့ လူသိများတာကြောင့် ဒီကိုရောက်ရင် လက်ဖက်ရည်တစ်ခွက်လောက်တော့ သောက်ဖြစ်အောင်သောက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။
ဒီရွာလေးရဲ့ ဆွဲဆောင်မှုရှိစေတဲ့အရာတွေကတော့ သဘာ၀ရေကန်ကြီးနဲ့ ရေကန်ဘေးပတ်လည် လက်ဖက်ခင်းတွေထဲက ယူနန်ရိုးရာအိမ်လေးတွေ၊ မနက်ခင်းဝေလီဝေလင်းအချိန် သဘာ၀ရေကန်ကြီးထဲမှာ ရိုးရာလှေတွေစီးရတာနဲ့ ရေငွေ့တွေအထက်ကို တလွင့်လွင့်ပျံနေတဲ့ သဘာ၀ရေကန်ကြီးရဲ့ အလှတရား၊ တရုတ်ရိုးရာ လက်ဖက်ရည်မျိုးစုံနဲ့ ရိုးရာအစာအစာတွေ မြည်းစမ်းကြည့်ရတာကလည်း ညခင်းပိုင်း ရောင်စုံမီးလုံးများနဲ့ သူမတူအောင်လှပ ဆွဲဆောင်မှုရှိတဲ့ ရွာလေးရဲ့အသွင်အပြင်တွေပဲ ဖြစ်ပါတယ်။
Comments