top of page
Writer's pictureShwe Thai

ထိုင်းနိုင်ငံတွင် လစာ ပျမ်းမျှ ၅ ရာခိုင်နှုန်း တိုးမည်

ထိုင်းနိုင်ငံတွင် လစာ ပျမ်းမျှ ၅ ရာခိုင်နှုန်း တိုးမည်။

ထိုင်းနိုင်ငံမှာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ကုမ္ပဏီတွေက ပျမ်းမျှလစာ ၅ ရာခိုင်နှုန်း တိုး ပေးသွားမယ့်အကြောင်း ဒီဇင်ဘာ ၁၂ ရက် The Nation သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

shwethai.com

ဒါဟာ အမေရိကန်အခြေစိုက် အကြံပေးကုမ္ပဏီ Mercer ရဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်း နယ်ပယ် အသီးသီးက ရာထူး၊ အတွေ့အကြုံ ထောင်ပေါင်းများစွာအပေါ် အခြေခံပြီး  တွက်ချက်ရယူထားတဲ့ ဒေတာအချက်အလက်တွေအရ ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။


ထိုင်းနိုင်ငံ ကုမ္ပဏီ ၇၀၀ ကျော်က ရာထူး အဆင့်အမျိုးအစား ၅၀၀ ကျော်ကို စစ်တမ်း ကောက်ယူ အခြေခံတွက်ထုတ်ထားတာဖြစ်ကာ ကုမ္ပဏီတွေအားလုံးက လာမယ့် ၂၀၂၅ ခုနှစ်ထဲမှာ လစာတိုးပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။


လစာတိုးခြင်းအပေါ် လွှမ်းမိုးနိုင်တဲ့ ထိပ်တန်းအချက်တွေအနေနဲ့ တဦးချင်း စွမ်းဆောင်ရည်၊ လစာအတိုင်းအတာ၊ အသင်းအဖွဲ့အလိုက် စွမ်းဆောင်ရည်နဲ့ အလုပ်အကိုင် ဈေးကွက်ထဲမှာ အဖွဲ့အစည်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အခု စစ်တမ်းကောက်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ ၉၁ ရာခိုင်နှုန်းနီးပါးက ဘောနပ်စ်ပေးတာလို ကာလတိုမက်လုံးပေးအစီအစဉ်တွေရှိပြီး စတော့ရွေးချယ်ခွင့်တွေလို ရေရှည်မက်လုံးပေးတဲ့ ကုမ္ပဏီတွေဟာ ၂၀၂၃ ခုနှစ်က ၇၈ ဒသမ ၉ ရာခိုင်နှုန်းရှိရာက နေ ၂၀၂၄ ခုနှစ်မှာတော့ ၈၀ ဒသမ  ရာခိုင်နှုန်းထိ တိုးလာခဲ့တယ်လို့လည်း ဖော်ပြပါတယ်။


Source from DVB NEWS

၃ views၀ comments

Comments


bottom of page