top of page

ထိုင်းနိုင်ငံက နှုတ်ခမ်းနီမလေးတွေကြား နာမည်ကြီးနေတဲ့ Museum of Contemporary Art or MOCA Bangkok

Writer's picture: Shwe ThaiShwe Thai

Updated: Nov 27, 2024

ပိတ်ရက်မှာဘယ်သွားရမလဲ မသိသေးတဲ့သူတွေအတွက်‌‌ နေရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီနေရာလေးကတော့ Museum of Contemporary Art အတိုကောက်အနေနဲ့ (MOCA Bangkok) လို့လူသိများတဲ့နေရာလေးပဲဖြစ်ပါတယ်။

shwethai

ဒီနေရာလေးက အထပ်(၅)ထပ်ရှိပြီးတော့တစ်ထပ်ချင်းစီတိုင်းမှာ နာမည်ကြီးထိုင်းပန်းချီဆရာတွေ ဖန်တီးထားတဲ့ အဖိုးတန်ပန်းချီနဲ့ပန်းပုလက်ရာတွေ၊ မတူညီတဲ့ Art တစ်မျိုးစီကို ခံစားနိုင်မဲ့အပြင် ရိုးရာယဉ်ကျေးမှုနဲ့ပတ်သတ်တဲ့ ပန်းချီလက်ရာတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။

shwethai

အဆောက်အဦးထဲကို လျှောက်သွားတဲ့အခါ အဖြူရောင်အဆောက်အဦးတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသလိုအပေါက်ဖောက်ထားတဲ့ ဒီဇိုင်းကနေ နေရောင်ခြည်ဖြာကျနေတာကို မြင်တွေ့နိုင်မှာပါ။

shwethai

စတုရန်းမီတာ 20,000 ကျော်ကျယ်ဝန်းပြီး ထိုင်းနာမည်ကြီး အနုပညာရှင်များရဲ့ပန်းချီလက်ရာပေါင်း 800 ကျော်ရှိတဲ့ အနုပညာနေရာတွေကို အထပ် (၅)ထပ်မှာ ယာယီနဲ့အမြဲတမ်း ပြပွဲများအဖြစ် ပိုင်းခြား ပြသထားပါတယ်။

shwethai

အဖြူရောင် နံရံ ကျယ်ဝန်းတဲ့ ခန်းမကျယ်ကြီးတွေရဲ့အလည်မှာမှ Modern Art လက်ရာပန်းချီတွေ၊ ဆယ်စုနှစ် (7)ခုကျော်က ခေတ်ပြိုင်ပန်းချီတွေနှင့် ပန်းပုတွေကိုပြသထားတာကြောင့် ပန်းချီနဲ့ Modern Art တွေကို စိတ်ဝင်စားတဲ့သူတွေအတွက်နေရာကောင်းလေးဖြစ်မှာပါ။


ဒီနေရာလေးက ထိုင်းနိုင်ငံကနှုတ်ခမ်းနီမလေးတွေကြားမှာ နာမည်ကြီးပြီး photoshoot လုပ်လို့ကောင်းတဲ့နေရာလည်းဖြစ်တာကြောင့် ဓာတ်ပုံလှလှလေးတွေရိုက်ချင်တဲ့သူတွေအတွက်လဲ Recommend ပေးချင်ပါတယ်။


၁ views၀ comments

Comments


bottom of page