top of page
Writer's pictureShwe Thai

ထိုင်းတွင် အန္တရာယ်ရှိဓာတုပစ္စည်း ၄၁ တန်ခွဲ သိုလှောင်သည့် တရုတ်စက်ရုံ အရေးယူခံရ

Updated: Nov 21, 2024

ထိုင်းတွင် အန္တရာယ်ရှိဓာတုပစ္စည်း ၄၁ တန်ခွဲ သိုလှောင်သည့် တရုတ်စက်ရုံ အရေးယူခံရပါတယ်။ ထိုင်းအရှေ့ပိုင်း ပရာကျင်းပူရီခရိုင်ထဲမှာ အန္တရာယ်ရှိဓာတုပစ္စည်း အလေးချိန် ၄၁ တန်ခွဲ သိုလှောင်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံတစ်ခု အရေးယူခံရတယ်လို့  Thai PBS  သတင်းမှာ ဖော်ပြပါတယ်။

shwethai

နယ်မြေထဲမှာ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေသိုလှောင်ထားကြောင်း သတင်းပေးပို့ချက်ရတဲ့ အတွက် ထိုင်းနိုင်ငံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူနဲ့ နယ်မြေ ခံရဲတပ်ဖွဲ့ဝင်တွေဟာ ပရာကျင်းပူရီခရိုင်၊ ဆရီမဟာဖိုးထိမြို့နယ်၊ ဆရီမဟာဖိုးထိရပ်ကွက်ရှိ  စက်မှုဇုန်ထဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိက သတင်းထောက်ကို ပြောပါတယ်။


စစ်ဆေးချက်အရ အဆိုပါစက်မှုဇုန်ထဲမှာ ဥပဒေနဲ့မညီညွတ်တဲ့ စက်ရုံ ၃ ရုံတွေ့ရှိတယ်၊ တရုတ်နိုင်ငံသားတွေပိုင်တယ်၊ ခွင့်ပြုချက်မရှိဘဲ စက်ရုံဖွင့်ထားတာ ဖြစ်တယ်၊ အဲဒီထဲက နိုင်းကျန်း ကိုတုန့် ( ၄၆ နှစ် ) ရဲ့ စက်ရုံမှာ ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေတဲ့ ပြင်းအား အဆင့် ၃ ရှိ ဘယ်လီရီယံ၊ စီနီလီယမ်၊ တယ်လျုနီယံ အစရှိတဲ့ ဓာတုဆေးအလေးချိန်စုစုပေါင်း ၄၁ ဒသမ ၅ တန်ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။


အဲဒီဓာတုစ္စည်းတွေဟာ မိုးရေနဲ့ထိတွေ့မိရင် ဓာတ်ပြုပြီးအမိုးနီးယားဓာတ်တွေ ထွက်လာတယ်၊ ရှူရှိုက်မိရင် မူးဝေခေါင်းကိုက်တဲ့ဝေဒနာတွေ ခံရပြီး ကင်ဆာဆဲလ်ကိုလည်း ဖြစ်ပေါ်စေတယ်။ 


အဆိုပါစက်ရုံမှာ အရင်ကလည်း တရားမဝင် အန္တရာယ်ရှိဓာတုပစ္စည်း တွေ့ရှိဖူးတာကြောင့် စက်ရုံပိတ်သိမ်းဖို့ ညွှန်ကြားခံခဲ့ရဖူးပေမဲ့ အမှတ်သညာမရှိဘဲ ဆက်ပြီးလုပ်ဆောင်နေတာလို့  သယံဇာတထိန်းသိမ်းရေးတာဝန်ရှိသူက ပြောပါတယ်။


Source from DVB NEWS

၃ views၀ comments

Comments


bottom of page