top of page

ထိုင်းက စက်ရုံပေါက်ကွဲမှုမှာ မြန်မာအလုပ်သမားနှစ်ယောက် သေဆုံး

Writer's picture: Shwe ThaiShwe Thai

Updated: Nov 21, 2024

ထိုင်းက စက်ရုံပေါက်ကွဲမှုမှာ မြန်မာအလုပ်သမားနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်း Prachin Buri ပရကျင်ဘူရီ ခရိုင် Kabin Buri မြို့နယ်မှာရှိတဲ့ စက်ရုံတစ်ရုံက ဓာတုရည်သိုလှောင်ကန် စနေနေ့မနက် ၉ နာရီ မိနစ် ၂ဝ ကျော်လောက်မှာ ပေါက်ကွဲတဲ့အတွက် မြန်မာအလုပ်သား နှစ်ယောက် သေဆုံးသွားပါတယ်။

shwethai

အလုပ်သမား အနည်းဆုံး ၁ဝ ယောက်ထက်မနည်း ဒဏ်ရာရပြီး ပေါက်ကွဲတဲ့နေရာနားမှာ အလုပ်သမားတစ်ယောက် သေဆုံးနေတာတွေ့ရပေမဲ့ မီးတောက်လောင်တာ မတွေ့ရဘူးလို့ ဘန်ကောက်ပို့စ်က အောက်တိုဘာ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ဒဏ်ရာရတဲ့ အလုပ်သမားတွေကို ဆေးရုံပို့လိုက်နိုင်ပေမဲ့ အဲဒီအထဲက တစ်ယောက်သေဆုံးခဲ့တယ် လို့လည်း ဆိုပါတယ်။


သတ်မှတ်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ဓာတုဆေးရည်ထည့်တဲ့အတွက် ပေါက်ကွဲမှု ဖြစ်ပွားတာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောကြားတဲ့အကြောင်း The Nation သတင်းကလည်း ဖော်ပြပါတယ်။


ဘိုထောင်းစက်မှုဇုန်က တရုတ်ကုမ္ပဏီပိုင် အဲဒီသတ္တုစက်ရုံမှာ အမျိုးသမီး ၂၇ ယောက်နဲ့ အမျိုးသား ၂၀၅ ယောက် စုစုပေါင်း အလုပ်သမား ၂၃၂ ယောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


Source from RFA BURMESE

၆ views၀ comments

Comments


bottom of page