top of page
Writer's pictureShwe Thai

တရုတ်တောင်ပိုင်းက အထပ်မြင့် လူနေတိုက်ခန်းတွင် အင်အားပြင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်

တရုတ်တောင်ပိုင်းက အထပ်မြင့် လူနေတိုက်ခန်းတွင် အင်အားပြင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ရာက အနက်ရောင်မီးခိုးတွေ ထွက်လာတာကို မြင်တွေ့ရပါတယ်။

shwethai.com

အနီးနားက အဆောက်အအုံတွေနဲ့ လမ်းအပြင်အဆင်၊ လမ်းမြင်ကွင်းပုံရိပ်တွေက ဂြိုဟ်တုဓာတ်ပုံနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။


လူနေ အိမ်ရာဝင်းအတွင်းကနေ အရေးပေါ် သတင်းပို့ပြီးတဲ့နောက် ရှန်းကျန်းမီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၆ စီးနဲ့ ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၈၀ ကို စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။


အစိုးရပိုင် ပေကျင်းသတင်းဌာနက ပဏာမစုံစမ်းစစ်ဆေးမှုအရ မီးလောင်ရတဲ့ အကြောင်းရင်း ဟာ အဆောက်အအုံရဲ့ ၂၈ လွှာမှာ ဓာတ်ငွေ့ပေါက်ကွဲခဲ့တာလို့ ထောက်ပြခဲ့ပေမဲ့ အကြောင်းရင်း အတိအကျ ကို စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။


ပေါက်ကွဲမှု ဖြစ်အပြီး လူတယောက်ထက်မနည်း အဆောက်အအုံပေါ်ကနေ ပြုတ်ကျခဲ့ပြီး လူနာတင်ယာဉ်နဲ့  သယ်ထုတ်နိုင်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


Source from DVB NEWS

၁ views၀ comments

Comments


bottom of page