စကြဝဠာသက်တမ်းထက်ကြာမည့် ပုစ္ဆာကို ၅ မိနစ်နှင့်တွက်နိုင်သည့် ချစ်ပ်ပြား ဂူးဂဲလ် တီထွင်လိုက်ပါတယ်။
တီထွင်လိုက်တဲ့ quantum computing ချစ်ပ်ပြားကို မိုးမခပင် (Willow) လို့ အမည်ပေးထားပါတယ်။
ဒီချစ်ပ်ပြားဟာ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာတွေတောင် နှစ်ပေါင်း တဆယ် ဆက်ပ်တီလီယံ (septillion) တနည်းအားဖြင့် နှစ်ပေါင်း ဂဏန်း ၂၄ လုံး (၁၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ကြာမယ့် တွက်ချက်မှုကို ၅ မိနစ်အတွင်း ပြီးစီးအောင် တွက်ချက်နိုင်တော့မယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ Willow က လက်ရှိအချိန်မှာ စမ်းသပ်အဆင့်မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။ အမှန်တကယ် လက်တွေ့အသုံးပြုနိုင်တဲ့ quantum ကွန်ပျူတာတလုံး ဖြစ်လာဖို့ နှစ်အတော်ကြာပြီး ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျဦးမှာ ဖြစ်ပါတယ်။
Google ရဲ့ Quantum AI ဓာတ်ခွဲခန်းကို ဦးဆောင်နေတဲ့ ဟာ့တ်မု နီဗန်က က Willow ကို လက်တွေ့အသုံးချမှုတွေမှာ သုံးသွားမယ်လို့ ပြောပါတယ်။ ဥပမာအနေနဲ့ နျူးကလီးယား ဓာတ်ပေါင်းဖို၊ ဆေးဝါးထုတ်လုပ်မှု၊ ကားဘက်ထရီတွေ ပိုကောင်းအောင် လုပ်တာတွေမှာ သုံးနိုင်မှာဖြစ်ပါတယ်။
ဒီချစ်ပ်ဟာ အမှားပြင်ဆင်မှုပိုင်းမှာ တိုးတက်မှုကြီးကြီးမားမား ရရှိထားပြီး နိုင်ငံတကာက ပညာရှင်တွေကလည်း ဒါဟာ အားတက်စရာ တိုးတက်မှုတခုလို့ လက်ခံကြပါတယ်။
Source from DVB NEWS
Comentarios