top of page

ဂျပန်နိုင်ငံ၌တိုင်ဖွန်းမုန်တိုင်း Ampil ချဉ်းကပ်လာသဖြင့်ပြည်သူများအထူးသတိပြုကြရန် မိုးလေဝသတာဝန်ရှိသူများ ပြောကြား

Writer's picture: Shwe ThaiShwe Thai

ဂျပန်နိုင်ငံ တိုကျိုဒေသအပါအဝင် မြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသများရှိပြည်သူများအား ဩဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် တိုင်ဖွန်းမုန်တိုင်း Ampil ချဉ်းကပ်လာသဖြင့်  သတိပြုနေထိုင်ကြရန် မိုးလေဝသတာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် တိုဟိုကူဒေသနှင့် နိုင်ငံအရှေ့ပိုင်းသို့ချဉ်းကပ်လာဖွယ်ရှိကြောင်း မြေယာဝန်ကြီးဌာနနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုးလေဝသဌာနတာဝန်ရှိသူ တာချီဟာရာက ပြောသည်။

တိုဟိုကူ၊ ကန်တိုနှင့် Izu ကျွန်းများတွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် လှိုင်းလေထန်ခြင်းတို့ဖြစ်လာဖွယ်ရှိသည်ဟု ၎င်းကခန့်မှန်းထားသည်။ ကန်တိုဒေသရှိ အချို့သောနေရာများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂၀၀ မီလီမီတာအထိ  မိုးများရွာသွန်းမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

တာဝန်ရှိသူများက လေပြင်းများတိုက်ခြင်း၊ လှိုင်းထန်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းနှင့် မြစ်ရေလျှံခြင်း အန္တရာယ်များနှင့်ပတ်သက်ပြီး သတိပေးပြောကြားထားသည်။ ကိုးကား-အင်န်အိတ်ချ်ကေ Source from Myanmar Digital News

၁၁ views၀ comments

Comments


bottom of page