မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာရှိတဲ့ ရေကာတာကို ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရေပိုလွှဲထုတ်ဖို့ အာဏာပိုင်တွေက ဆုံးဖြတ်လိုက်တဲ့အတွက် မယ်ငဲ့မြစ်နဲ့ ပင်းမြစ်ရိုးတစ်လျှောက် ရေကြီးမယ့် အလားအလာရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက စက်တင်ဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။
တနင်္ဂနွေနေ့မှာ တစ်စက္ကန့်ကို ရေကုဗမီတာ ၁၁၀ စလွှဲထုတ်ပြီး နောက်တရက် ညနေ ငါးနာရီထိရေပိုလွှဲထုတ်ပါတယ်။ ဒါကြောင့် မြစ်ရေတက်လာဖွယ်ရှိတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထ်ိုင်သူတွေဟာ မြစ်အထက်ပိုင်းကနေ ရုတ်တရက် ရေတွေ တစ်ရှိန်ထိုး ဆင်းလာမှာကို စောင့်ကြည့် သတိထားဖို့ မှာကြားထားပါတယ်။
ချင်းမိုင်မြို့ကို ဖြတ်သန်းစီးဆင်းတဲ့ ပင်းမြစ်ဝှမ်းဒေသ အထက်ပိုင်းမှာလည်း အင်္ဂါနေ့ထိ မိုးသည်းထန်နိုင်တယ်လို့ ထိုင်းမိုးလေဝသဦးစီးဌာနက ခန့်မှန်းထားပါတယ်။
၂ဝ၁၁ ခုနှစ်မှာ ထိုင်းနိုင်ငံအနှံ့ ရေအကြီးအကျယ်လွှမ်းမိုးတုန်းက ချင်းမိုင်ရေကာတာက ရေပိုလွှဲထုတ်ခဲ့ဖူးပါတယ်။
Source from RFA BURMESE
Comments