top of page
Writer's pictureShwe Thai

ချင်းမိုင်မြို့မှာ MOU စာချုပ်နဲ့သွားတဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာမရ

Updated: Nov 21, 2024

ချင်းမိုင်မြို့မှာ MOU စာချုပ်နဲ့သွားတဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာမရသေးပါဘူး။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နှစ်နိုင်ငံ အလုပ်အကိုင်သဘောတူညီမှုစာချုပ် (MOU) နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၆ ဦးဟာ လုပ်ခလစာတွေမရဘဲ အခက်ကြုံနေရတယ်လို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။


သူတို့ဟာ MOU စာချုပ်အရ ဘန်ကောက်မှာ အလုပ်လုပ်ရမှာဖြစ်ပေမဲ့ ကုမ္ပဏီဒေဝါလီခံရတာကြောင့် ချင်းမိုင်ဘက်ကို ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့ ရွှေ့ပြောင်းခံခဲ့ရတာပါ။

shwethai

အဲဒီနောက် အလုပ်သမား ၁၆ ဦးရဲ့ လုပ်ခလစာ တစ်လခွဲစာကို အလုပ်ရှင်ဘက်က အောက်တိုဘာ ၂၇ ရက် ဒီနေ့အထိ မပေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ရဲ့ တာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။


“အလုပ်သမားတွေကို မြန်မာနိုင်ငံကနေ စာချုပ်ချုပ်လာတယ်။ သူတို့ချုပ်လာတဲ့ စာချုပ်က အလုပ်မရှိဘူး ဆိုပြီးတော့ ဒေဝါလီခံရတယ်ဆိုပြီးတော့ အလုပ်သမားတွေကို ပြောတယ်ပေါ့။ အဲဒီအချိန်မှာပဲ ချင်းမိုင်ကို သွားပြီးတော့ အလုပ်သမားတွေကို ဒီဆောက်လုပ်ရေးပေါ့နော်။ သူတို့ ဆောက်လုပ်ရေးကို သွားထည့်လိုက်တယ်။ ဒီအလုပ်သမားတွေက အလုပ်ကတော့ လုပ်ရတယ်။ ပိုက်ဆံမရဘူးပေါ့။ စားဝတ်နေရေးက အရမ်းခက်ခဲလာတယ်။ လက်ရှိ လုပ်အားခမရဘူး။ နေဖို့တွေလည်း ခက်ခဲနေတယ်”


သူတို့ဟာ မြန်မာနိုင်ငံဘက်က ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုဖြစ်တဲ့ Great Silver Land Services ကုမ္ပဏီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့အတွက် နှစ်နှစ်စာချုပ်ချုပ်ဆိုပြီး ဇူလိုင်လကုန်ပိုင်းမှာ ထိုင်းနိုင်ငံကို ပို့ခဲ့တာလို့ ဆိုပါတယ်။

shwethai

လုပ်ခလစာမပေးတာကြောင့် အလုပ်သမားတွေက အလုပ်ဆက်မဆင်းတဲ့အပေါ် အလုပ်ရှင်ဘက်က အလုပ်ထုတ်လိုက်ပြီး စားဝတ်နေရေးပါ ခက်ခဲနေတာလို့ ကိုမုန်တိုင်းက ပြောပါတယ်။


မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားဝင်သွားတဲ့အလုပ်သမားတွေအပေါ် အေဂျင်စီတွေဘက်က တာဝန်ယူမှုမရှိသလို ထိုင်းနိုင်ငံက မြန်မာအလုပ်သမားသံရုံးကလည်း တာဝန်ယူမှုမရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။


ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ သွားတဲ့ မြန်မာအလုပ်သမားတွေဟာ စာချုပ်ပါအတိုင်းအလုပ်မရတာ၊ အလုပ်ရွှေ့ပြောင်းခံရတာနဲ့ လုပ်ခလစာမရတာတွေ မကြာခဏ ကြုံနေရပါတယ်။


Reference to RFA

၄ views၀ comments

Comments


bottom of page