top of page
Writer's pictureShwe Thai

ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် ၁၄ ခု ကို တက်ရောက်ခဲ့တဲ့ အသက်ငယ်ဆုံး တောင်တက်သမား

Updated: Nov 21, 2024

ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် ၁၄ ခု ကို တက်ရောက်ခဲ့တဲ့ အသက်အငယ်ဆုံး တောင်တက်သမား ဖြစ်သွားပါပြီ။ အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၅ နစ်မှာ နောက်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တာပါ။ အေအက်ဖ်ပီ သတင်းဆောင်းပါးကိုအခြေခံပြီး ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

shwethai

၁၈ နှစ်အရွယ် နီပေါတောင်တက်သမား Nima Rinji Sherpa ဟာ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်နိုင်သူတယောက်အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ မီတာ ၈,၀၀၀၊ ပေအားဖြင့် ၂,၆၂၄၇ ပေအထက် ကမ္ဘာမှာ အမြင့်ဆုံးတောင် ၁၄ လုံး,လုံးကိုတက်နိုင်တဲ့ အသက်အငယ်ဆုံး တောင်တက် သမားတယောက် ဖြစ်သွားပါပြီ။ တိဘက်က Shishapangma တောင်ထိပ်ကို ဗုဒ္ဓဟူးနေ့ တရုတ် စံတော်ချိန် ၆ နာရီ ၅ မိနစ်မှာ ရောက်ရှိသွားခဲ့တာပါ။ သူလိုပဲ လူငယ်များစွာဟာ အဲဒီ တောင် ၁၄ လုံးကို တက်နိုင်အောင် ကြိုးစားနေကြတာပါ။

shwethai

သူတို့ မျိုးရိုးက တောင်တက်တာနဲ့မကင်းခဲ့တာကို Nima Rinji က ခုလို ပြောပါတယ်။

“ကျနော်တို့မိသားစုက တောင်တက်သမားတွေက ဆင်းသက်လာတာပါ။ ကျွန်တော့်အဖေမှာ စူးစမ်းလေ့လာရေး ကုမ္ပဏီရှိပါတယ်။ ဒီတော့ ဒါတွေနဲ့ နီးစပ်ပါတယ်။ တောင်တက်တာ၊ စူးစမ်း လေ့လာတာ၊ တောင်တက်လိုသူတွေနဲ့ တွေ့ဆုံတာ .. စသဖြင့်ပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဒီလောကထဲတော့ မရောက်ချင်ခဲ့ပါဘူး။”


သူ့ဦးလေး Mingma Gyabu 'David' Sherpa ဟာ တောင် ၁၄ လုံး,လုံးရဲ့ ထိပ်ကို ပေါက်ခဲ့တဲ့ အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခံထားပါတယ်။ ၂၀၁၉ မှာ တက်ပြီးခဲ့ပြီး အဲဒီတုန်းက Mingma ရဲ့ အသက် က ၃၀ ပါ။ သူ့အဖေ Tashi Sherpa နဲ့အတူ ညီအစ်ကိုနှစ်ယောက်ဟာ တောင်တက်လေ့လာရေး ကုမ္ပဏီ ၂ ခုကို ထူထောင်ထားကြပါတယ်။

shwethai

၁၉၈၆ မှာ အီတလီတောင်တက်သမား Reinhold Messner က တောင် ၁၄ လုံး,လုံးကို ၁၉၈၆ မှာ ပထမဆုံးတက်လို့ပြီးသူ ဖြစ်ခဲ့ပါတယ်။ ခုအချိန်အထိ အဲဒီလို ပြီးအောင်တက်နိုင်သူက ကမ္ဘာမှာ လူ ၄၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒီတောင်တွေဟာ ဟိမဝန္တာမှာ ရှိပြီး နီပေါ၊ တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေအထိ ဆက်သွားပါတယ်။ သူက ခုလို ဆက်ပြောပါတယ်။


Source from VOA BURMESE

၃ views၀ comments

Comments


bottom of page