top of page

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီး ငါးဆယ်ထဲမှာ ဘန်ကောက်နဲ့ ချင်းမိုင်ပါဝင်

Writer's picture: Shwe ThaiShwe Thai

Updated: Nov 21, 2024

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီး ငါးဆယ်ထဲမှာ ဘန်ကောက်နဲ့ ချင်းမိုင်ပါဝင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ ဘန်ကောက်မြို့တွေမှာ ရေကြီးရေလျှံမှုတွေအပြီး လေထုညစ်ညမ်းတဲ့ဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

shwethai

ဆွစ်ဇာလန် အခြေစိုက် IQAir ရဲ့ လေထု အရည်အသွေးတိုင်းတာမှုအရ လေထုညစ်ညမ်းမှုရှိနေတဲ့ ထိပ်တန်းမြို့ ငါးဆယ်ရဲ့ စာရင်းမှာ ချင်းမိုင်နဲ့ ဘန်ကောက်မြို့လည်း ပါဝင်နေပါတယ်။


IQAir ရဲ့ တိုင်းတာမှုအရ အောက်တိုဘာလ ၂၈ မနက်ပိုင်းမှာ ချင်းမိုင်မြို့ရဲ့ လေထုအရည်အသွေးဟာ ၇၄ အထိရှိနေပြီး ဘန်ကောက်မြို့မှာတော့ ၈၃ အထိ ရှိနေတာပါ။


ဘန်ကောက်မြို့ဟာ လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး အဆင့် ၁၃ နေရာမှာရှိနေပြီး အိန္ဒိယနိုင်ငံ ဒေလီမြို့က လေထုညစ်ညမ်းမှု အဆိုးဆုံး နံပါတ် တစ် နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က နံပါတ် လေး နေရာမှာ ရှိနေပါတယ်။


ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ရေကြီးရေလျှံခဲ့တဲ့နေရာတွေမှာ တင်ကျန်ခဲ့တဲ့ နုန်းတွေ ခြောက်သွားချိန် ဖုန်တွေအဖြစ် လေထုထဲပျံ့နှံ့သွားပြီး လေထုညစ်ညမ်းမှု သိသိသာသာ ဆိုးလာတာ ဖြစ်ပါတယ်။


Source from RFA BURMESE

၃ views၀ comments

Comments


bottom of page