top of page
Writer's pictureShwe Thai

ကမ္ဘာ့ချန်ပီယံရှစ်ရေကူးပြိုင်ပွဲတွင် မက်အင်တော့နှင့် ဝတ်ချ်တို့ ကမ္ဘာ့စံချိန်သစ် ရရှိ

ကမ္ဘာ့ချန်ပီယံရှစ်ရေကူးပြိုင်ပွဲတွင် မက်အင်တော့နှင့် ဝတ်ချ်တို့ ကမ္ဘာ့စံချိန်သစ် ရရှိခဲ့ပါတယ်။ မက်အင်တော့ဟာ မီတာ ၄၀၀ စိတ်ကြိုက်ကူးပြိုင်ပွဲမှာ ၂၀၂၂ ခုနှစ်က စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။

shwethai.com

မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲမှာလည်း အမေရိကန် ရေကူးမယ် ဝတ်ချ်ဟာ ၂၄.၀၂ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဟန်ဂေရီနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲ ၄၀၀ မီတာ စိတ်ကြိုက်ကူးပြိုင်ပွဲမှာ ကနေဒါ ရေကူးမယ် မက်အင်တော့က ကမ္ဘာ့စံချိန်ရရှိခဲ့တာပါ။ 


အသက် ၁၈ နှစ်အရွယ်ရှိ မက်အင်တော့ဟာ အိုလံပစ်ပြိုင်ပွဲမှာ ရွှေ ၃ ခု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၁ နှစ်အကြာမှာ ကနေဒါနိုင်ငံရဲ့ အကောင်းဆုံးကစားသမားဆု ရခဲ့ဖူးသူ ဖြစ်ပါတယ်။ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မီတာ ၄၀၀၊ မီတာ ၂၀၀ လိပ်ပြာကူး၊ မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲတို့မှာ ရွှေရခဲ့ပြီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရခဲ့ဖူးသူ ဖြစ်ပါတယ်။ 


ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်အထိ ကျင်းပနေပြီး ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးပါဝင်ကာ ပွဲပေါင်း ၄၅ ပွဲကျင်းပမှာဖြစ်ပါတယ်။ 


Source from DVB NEwS

၀ views၀ comments

Comments


bottom of page