top of page

Seller Requirement (အွန်လိုင်းဈေးလျောက်ထားရန် လိုအပ်ချက်များ)

စည်းကမ်းချက်များ

  • ၇ ရက် တစ်ပတ်ပြည့် တစ်ခါရှင်း ( အပတ်စဉ်သောကြာနေ့တိုင်း )

  • Thai Bank Transfer ဖြင့်သာ Vendor များအား ပေးချေသွားပါမည်။

  • ShweThai Website အစမ်းသုံးကာလပြီးသည့်နောက်ပိုင်း ရောင်းချသည့်ပစ္စည်းတန်ဖိုး ၈ ရာခိုင်နှုန်းအား ShweThai.com မှ Service Charges အနေဖြင့် ကောက်ခံသွားမည်ဖြစ်ပါသည်။ 

  • Website မှာတင်ထားတဲ့ပစ္စည်းသည် အပြင်မှာလက်တွေ့ရောင်းချနေသည့် ပစ္စည်းနှင့်တူညီရပါမည်။ 

  • ပစ္စည်းများရောင်းချရာတွင် သတ်မှတ်ထားသည့်ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးရပါမည်။ 

  • ဝယ်ယူသူမှ အော်ဒါမှာယူတဲ့နေ့ကနေစပြီး သတ်မှတ်ချိန် ၃ ရက်အတွင်း သေချာစွာထုတ်ပိုးပြီး Delivery Service မှာ ပစ္စည်းလာယူသည့်အချိန်တွင် အချိန်မီ ပေးပို့နိုင်ရပါမည်။ 

  • Expired ဖြစ်နေသော (သို့) Expiry date နီးကပ်နေသော အစားအသောက်ပစ္စည်းများအား ပေးပို့ခြင်းမပြုရ။ 

  • အရေအသွေးမပြည့်မီသောပစ္စည်းများဖြစ်နေပါက Return (သို့) Exchange ပြန်လုပ်ပေးနိုင်ရပါမည်။ ( Delivery Charges အား ဆိုင်ရှင်ဘက်မှ ရှင်းပေးရပါမည် )

  • အွန်လိုင်းပေါ်တွင် တင်‌ရောင်းထားသောပစ္စည်းများအား ပြတ်လပ်မှုရှိပါက (သို့) ထပ်မံဖြည့်စွက်လိုပါက ShweThai သို့ အချိန်မီ အကြောင်းကြားပေးရန်လိုအပ်ပါသည်။

  • ဥပဒေနှင့်မလွတ်ကင်းသောပစ္စည်းများအား ရောင်းချခြင်း မပြုရပါ။ 

  • FDA မှ အသုံးမပြုရန်တားမြစ်ထားသောပစ္စည်းများအား ရောင်းချခြင်းမပြုရပါ။ 

  • ပစ္စည်းဈေးနှုန်းအပြောင်းအလဲများရှိပါက ShweThai.com သို့ တစ်ပတ်တစ်ခါ ဆက်သွယ်အကြောင်းကြားပေးရပါမည်။

  • Product listing တင်ရန်အတွက် ရှင်းလင်းပြတ်သားသည့်ဓာတ်ပုံ၊ ပစ္စည်းအမျိုးအမည်၊ အလေးချိန် ( g , kg )၊ အရောင်ရှိပါက အရောင်၊ ပစ္စည်း Size များအား တိကျစွာထည့်သွင်းပေးရပါမည်။ 

  • ဝယ်သူနှင့် Vendor အကြား အငြင်းပွားဖွယ်ရာများဖြစ်ပွားလာပါက ဆိုင်ရှင်ဘက်မှ ပြေလည်သည်အထိ တာဝန်ယူဖြေရှင်းပေးရမည်။

  • ရောင်းဝယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အခွန်ကိစ္စများအား ဆိုင်ရှင်ဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်။ 

  • ပစ္စည်းများထုတ်ပိုးရာတွင် ShweThai.com မှ ပြုလုပ်ပေးထားသော Name Tags Sticker များကိုသာ အသုံးပြုပေးရပါမည်။ 

ShweThai.com သည် ရောင်းသူနှင့်ဝယ်သူများအကြား အဆင်ပြေချောမွေ့စေနိုင်ရန်အတွက် ချိတ်ဆက်ပေးနေသည့် Online Platform တစ်ခုဖြစ်ပါသည်။ 

bottom of page